Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 May 2024

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အရ လားရှိုးမြို့ပေါ်တွင် ဆန်၊ ဆီ၊ ဆားနှင့် အခြားအခြေခံစားသောက်ကုန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရန် လားရှိုးမြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများအား (၁၀-၅-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးမြို့မှ တာဝန်ခံအရာရှိများက  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

13 May 2024

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများအား ဆန်ဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိကို ၂၀၂၄ခုနှစ်၊ မေလ ၇ ရက်နေ့၊ နံနက်(၁၀း၃၀) အချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် တပ်ကုန်းမြို့နယ်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

13 May 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ ၂၀၂၄ခုနှစ်၊ မေလ(၈)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ Sweet Tasty တံဆိပ် ကိတ်/ ပေါင်မုန့်လုပ်ငန်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ရွှင်ရှန်းတံဆိပ် ကိတ်/ ပေါင်မုန့်လုပ်ငန်းများသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတ

13 May 2024

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲမြို့၊ သီပေါမြို့နှင့် နောင်ချိုမြို့နယ်တို့တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

13 May 2024

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပါဝင်သော “လားရှိုးမြို့နယ်၊ တရားမဝင်ကုန်ပစ္စည်းများတားဆီးနှိမ်နှင်းရေးအဖွဲ့” သည် ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်တွင် လားရှိုးမြို့နယ်၊ ဟန်လမ်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်နှင့် ဂိုဒေါင်များအားလည်းကောင်း၊ ရက်ကွက်(၇)၊ ရန်ကင်းလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအားလည်းကောင်း တရားမဝင်ပစ္စည်းများရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

Pages