စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-လက်ထောက်ကြီးကြပ်ရေးမှူး)နှင့် ဦးသိန်းထွန်း(ဌာနခွဲစာရေး)တို့သည် ( ၁၅-၅-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ဒေါပုံမြို့နယ်အတွင်း စားအုန်းဆီရောင်းချသည့်အရောင်းဆိုင်များတွင် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ဈေးကွက်အတွင်းရှိ စားအုန်းဆီရောင်းချပေးနေသည့် လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင် ဦးအောင်ကျော်နှင့်တွေ့ဆုံပြီး ဆီခွဲတမ်းရရှိမှု/တစ်ဆင့်ပြန်လည်ခွဲဝေပေးမှု/ လက်လီဖြန့်ဖြူးရောင်းချသည့် ဈေးနှုန်းများကိုမေးမြန်းခဲ့ပြီး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချကြရန်၊ စားအုန်းဆီများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုကြရန်၊ သိုလှောင်ထားရှိကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ (၅)အရ အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံးထောင်ဒဏ် (၃) နှစ်အထိချမှတ်နိုင်သည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခံရနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် အခန်း(၁၀)၊ ဥပဒေပုဒ်မ(၂၁)တွင်ဖော်ပြထားသည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အကြောင်းကို အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်းစီရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)