ထားဝယ်အထူးစီးပွားရေးဇုန် MC နှင့် OSSC ၃/ ၂၀၂၄-၂၀၂၅ အစည်းအဝေးသို့တက်ရောက်

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့၊နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန်(MC) နှင့် OSSC ၃/ ၂၀၂၄-၂၀၂၅ ကို ထားဝယ်အထူးစီးပွားရေးဇုန် ရန်ကုန်(ရုံးချုပ်)မှ Virtual Online စနစ်ဖြင့် ကျင်းပခဲ့ရာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ စားသုံးသူရေးရာတိုင်းဦးစီးမှူးနှင့် MC အဖွဲ့ဝင် များ၊ OSSC အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

      အစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန်ဥက္ကဋ္ဌမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခြင်း၊ အတွင်းရေးမှူးမှ ယခင် ၂/၂၀၂၄-၂၀၂၅ အစည်းအဝေးဆုံးဖြတ်ချက်များအား ရှင်းလင်းပြောကြားခြင်း ၊ ၃/၂၀၂၄−၂၀၂၅ အစည်းအ‌ဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး MC နှင့် OSSC အဖွဲ့ဝင်များက လက်ရှိဖြစ်ပေါ် ဆောင်ရွက်နေမှုများကို တစ်ဦးချင်းတင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)