တနင်္သာတိုင်း‌ဒေသကြီး ထားဝယ်မြို့တော်ခန်းမတွင်အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့နှင့်‌ ဒေသ ထုတ်ကုန် MSME ပြပွဲများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့ နံနက် (၉း၀၀) နာရီတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့နှင့် ဒေသထုတ်ကုန်  (MSME) ပြခန်းများ ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

       အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိုင်ငံတော်ကောင်စီဥက္ကဌမှ ပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခဲ့ကာ မြို့တော်ခန်းမအတွင်း ပြသထားသော (MSME) ပြခန်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး အခမ်းအနားကို နံနက်(၁၁း၀၀)နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)