ဖျာပုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက် စတိုးဆိုင်များရှိ စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၂) ရက်၊နံနက် (၁၀:၃၀) အချိန်တွင် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက် စတိုးဆိုင်များရှိ စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ စားသုံးဆီရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေသောစားသုံးဆီများကို အများပြည်သူများ သိသာစွာ ဝယ်ယူနိုင်ရေးအတွက် စားသုံးဆီရောင်းချနေသောဈေးဆိုင်များတွင် ဈေးနှုန်းဆိုင်းဘုတ်များ ချိတ်ဆွဲရောင်းချကြရန်နှင့် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Goody ၊ Mazin အစရှိသော ဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန်၊ မြန်မာယူနစ်ဖြင့် ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ဘူးဆီများ၊ ရောင်းချခြင်းမပြုကြရန် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)