နတ်တလင်းမြို့နယ် အောင်ချမ်းသာဆီရောင်းချနေသော စားသုံးဆီဆိုင်အား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် တာဝန်ခံရုံးရှိ ဝန်ထမ်းများမှ (၂၆.၄.၂၀၂၄) ရက်နေ့တွင် အောင်ချမ်းသာဆီစက် လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး အောင်ချမ်းသာဆီစက်မှ ထုတ်လုပ်သော အောင်ချမ်းသာဆီနှင့် စားသုံးဆီအမျိုးမျိုး တို့အား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါဆီစက်မှ အောင်ချမ်းသာ အမှတ်တံဆိပ်ဖြင့်  ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူး ရောင်းချ လျက်ရှိသောဆီများမှာ ပဲဆီ၊ နှမ်းဆီများကို ၁-လလျှင် (ပိဿာ-၁၀၀၀ကျော်) ကြိတ်ခွဲထုတ်နိုင်၍ ယခု ဧပြီလနောက်ဆုံးပတ်တွင် (၅၀-ကျပ်သား)တဗူးလျှင် (၇၃၀၀ကျပ်)၊ (၁-ပိဿာ)တဗူးလျှင် (၁၄၅၀၀ကျပ်)ဖြင့် ရောင်းချလျက်ရှိပြီး အခြားကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် စားသုံးဆီများ ကိုလည်း   တင်သွင်းရောင်းချကြောင်း သိရှိရသည်။ အောင်းချမ်းသာဆီလုပ်ငန်းရှင်အား ဆီစက်မှ ကြိတ်ခွဲထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်းအား သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်၊ FDA ထောက်ခံချက်များ ပြည့်စုံမှုရှိသည့်အပြင်  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ကြောင်းသိရှိရသည်။ 

DOCA(ပဲခူး)