ညောင်လေးပင်ခရိုင်အတွင်း စားသုံးဆီရောင်းချမှုများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

               စားသုံးသူ‌ရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ၂၀၂၄ခုနှစ် ဧပြီလအတွင်း ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့(မြို့မဈေး)၊ ၊  ပြွန်တန်ဆာ (စည်ပင်သာယာဈေး)နှင့် ညောင်လေးပင်ရှိ (ရက်ကွက်လက်လီဆိုင်) များရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ ပါသည်။

              ထိုသို့ သွားရောက်စစ်ဆေးခြင်းများ ပြုလုပ်ရာတွင် ဈေးကွကင်အတွင်း စားသုံးဆီ လက်လီရောင်းချနေသည့် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော (Goody) ဟင်းရွက်ဆီ ၊ (Diamond)  ဟင်းသီးဟင်းရွက်ဆီ၊ (Duck) ဟင်းသီးဟင်းရွက်ဆီ ၊ ( Meizan) နေကြာဆီ ၊ (LoTus) ဟင်းသီးဟင်းရွက်ဆီအစရှိသော စားသုံးဆီဗူးများတွင် ၂၀၁၉စားသုံးသူကာကွယ်ရေးဉပဒေ အခန်း (၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/ မရှိ ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်သားများကို မြန်မာ ဘာသာဖြင့် ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ‌ဖော်ပြထားခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ရာတွင် အထက်ဖော်ပြပါအချက်များနှင့် ကိုက်ညီမှုရှိကြောင်း ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုများအရ သိရှိရပါသည်။

              ဆက်လက်၍ ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များသည် ပြည်သူများထံသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရေး၊ သတ်မှတ် ဈေးနှုန်းရေးဆွဲထားသည့် ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချနိုင်ရေးနှင့် ခွဲတမ်းရရှိသည့် ဆီပမာဏကိုလည်း ပြည်သူများထံ အပြည့်အဝ ရောင်းချနိုင်ရေးကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့၍ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/ မရှိ ကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)