ဈေးကွက်အတွင်း စားသုံးဆီရောင်းချမှုများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူ‌ရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ (၂၄.၄.၂၀၂၄ )ရက်နေ့ နံနက်ပိုင်းတွင်  ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။

             အဆိုပါတာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ် များသည် ပြည်သူများထံသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရေး၊ သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချနိုင်ရေးနှင့် ခွဲတမ်းရရှိ သည့် ဆီပမာဏကိုလည်း ပြည်သူများထံအပြည့်အဝရောင်းချနိုင်ရေးကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့၍ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုး တို့တွင်လည်း စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကို ကွင်းဆင်း စစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)