ဒိုက်ဦးမြို့နယ်၌ နွေစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားရှိသော တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက ၅၀၀ စိုက်ခင်း တွင် စံကွက်ရိတ်သိမ်းခြင်းအား (၂၅.၄.၂၀၂၄)ရက် နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။

           စံကွက်ရိတ်သိမ်းပွဲသို့ ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင် များ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အုပ်ချုပ်ရေးဉက္ကဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ မြို့နယ် စိုက်/ကြပ် အဖွဲ့ဝင်များနှင့် တောင်သူများ တက်ရောက်ကြပါသည်။

          အဆိုပါ ‌နွေစပါးတစ်ဆက်တည်း ဧက ၅၀၀ စိုက်ခင်းတွင် ဆင်းသုခစပါးမျိုးအား လက်ဆွဲ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားရှိပြီး သုည ဒသမ ၁၀ ဧက ကို စပါးခြွေလှေ့စက်ဖြင့် စံကွက် ရိတ်သိမ်းရာတွင် တစ်ဧက အစိုတင်း(၁၄၆.၄၀) တင်းထွက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)