ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်(မြို့နယ်ဦးစီးမှူး)သည် ညောင်တုန်းမြို့နယ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းကာ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍  (၁၀-၄-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ဆေးဆိုင် (၇) ဆိုင်ကို ကွင်းဆင်းစစ်ဆေး၍ စံမညီဆေးဝါးများနှင့် တရားမဝင်တင်သွင်းသောဆေးဝါးများ၊ မှတ်ပုံတင်ခွင့်ပြုချက်မရှိသော ဆေးများရောင်းချမှုရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်တို့သည် ဆေးဝါးကျင့်စင်သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စစ်ဆေးခြင်း၊ ဆေးဝါးများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)