ချောင်းဆုံမြို့နယ်တာဝန်ခံမှဘိလပ်မြေအရောင်းဆိုင်များသို့ ဈေးကွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           ၉.၄.၂၀၂၄ ရက် ၀၉၃၀ ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်ချောင်းဆုံမြို့နယ်တွင် ဘိလပ်မြေအမျိုးမျိုး တို့အား ဝယ်ယူသုံးစွဲရာတွင် ဈေးကွက်အတွင်းပစ္စည်း ပြတ်လပ်မှုမရှိစေရေးနှင့် အဆမတန်ဈေးနှုန်း မြှင့်တင်ရောင်းချ ခြင်းမပြုလုပ်ကြရန်ရည်ရွယ်၍ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသော ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေအများစုမှာ ကြံ့နှစ်ကောင် ဘိလပ်မြေနှင့် Alpha ဘိလပ်မြေ (၂) မျိုးကိုသာ ရောင်းချလျှက်ရှိပြီး ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် (၁၂၀၀၀) ကျပ်နှင့် Alpha ဘိလပ်မြေ တစ်အိတ်လျှင် (၁၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)