အင်္ဂလိပ်စာ(4 Skills)နှင့် ပန်းချီသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် (၃.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် ကွန်မြူနတီခန်းမ၌ ကျင်းပပြုလုပ်သော အင်္ဂလိပ်စာ( 4 Skills)သင်တန်းနှင့် ပန်းချီသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား စားသောက်ကုန်များ ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ(၄၁)အရ အခန်း(၁၈)တွင်ပါဝင်သော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် (၂/၂၀၁၉)ဥ‌ပဒေအရ ကုန်စည်များတွင် ပါဝင်ရမည့်အချက်များကို အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

     တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးအနေဖြင့် စားသုံးသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို အသိပညာ၊ ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပျက်ဖြန့်ဝေခြင်းများ၊ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)