ချောင်းဆုံမြို့နယ်တာဝန်ခံသည် သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာရှိ သဘာဝမြေဩဇာထုတ်လုပ်သော လုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံခဲ့သည်။

     ထိုသို့သွားရောက်တွေ့ဆုံရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား သဘာဝမြေဩဇာလုပ်ငန်းစတင်တည်ထောင်သောခုနှစ်၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ တစ်အိတ်ထုတ်လုပ်မှုကုန်ကျစရိတ်၊  တစ်နေ့တာထုတ်လုပ်မှု၊ ဖြန့်ဖြူးသောဈေးကွက်၊ တစ်အိတ်ဈေးနှုန်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုအခြေအနေတို့ကို ဆွေးနွေးမေးမြန်းခဲ့ရာ လုပ်ငန်းရှင်က သဘာဝမြေဩဇာလုပ်ငန်းကို ၂၀၂၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ တစ်နေ့ကို အိတ်၅၀ခန့် ထုတ်လုပ်ကြောင်း၊ တစ်အိတ်လျှင် ဈေးနှုန်း ၁၈၀၀၀ကျပ်ဖြင့် ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ၊ ကော့နှပ်ကျေးရွာ၊ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်အထိ ဖြန့်ဖြူးကြောင်းသိရှိရသည်။ ကုန်ကြမ်းကို ချောင်းဆုံမြို့နယ်အတွင်းသာဝယ်ယူရရှိပြီး တစ်အိတ်ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၁၄၀၀၀ကျပ်ခန့်ရှိပြီး၊ တစ်အိတ်လျှင် အမြတ် ၄၀၀၀ကျပ်ခန့်ကျန်ရှိသဖြင့် တွက်ချေကိုက်မှုရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုအနေဖြင့် အလုပ်သမားဦးရေ ၇ဦးကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်းသိရှိရပါသည်။

DOCA(မွန်)