လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် လပွတ္တာမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက အမှတ်(၁)၊ အမှတ်(၄)နှင့် အမှတ်(၅)ရပ်ကွက်တို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်စိစစ်ခဲ့ရာ အိမ်ဆောက်ပစ္စည်း ဘိလပ်မြေအိတ်များသည် ရန်ကုန်မှ လပွတ္တာသို့ ကားများဖြင့် တိုက်ရိုက်နေ့စဉ်ဝင်ရောက်မှုရှိနေပြီး အရောင်းဆိုင်များတွင်လည်း ပုံမှန်ရောင်းချနေရကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေသော ကန်ထရိုက်များကလည်း ရန်ကုန်မှ တိုက်ရိုက်မှာယူသုံးစွဲနေကြောင်း၊ မြို့နယ်အနေဖြင့် ဘိလပ်မြေပြတ်လပ်မှုမရှိကြောင်းနှင့် ဘိလပ်မြေဈေးနှုန်းမှာ  ပျမ်းမျှတစ်အိတ်လျှင် (၁၈၅၀၀)ကျပ်ခန့်ရှိကြောင်း  ဆိုင်ပိုင်ရှင်များ၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ဧရာဝတီ)