မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာများဟောပြောဆွေးနွေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက တက်ရောက်လာသော  စားသုံးဆီလုပ်ငန်းရှင်များအား  မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များ၏ သိရှိလိုသည့်မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)