ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စားသုံးသူပြည်သူအသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍  စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊  နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လင်းတာကျကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် စားသုံးသူပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူအသိပညာပေး ဟောပြောခဲ့ပါသည်။

      ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံက စားသုံးသူများ သိသင့်သိထိုက်သော စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူကာကွယ်ရေးနှင့် သက်ဆိုင်သော အသိပညာများကိုလည်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)