သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 May 2024

      ၂၀၂၄ခုနှစ်၊  မေလ  ၁၆  ရက်နေ့၊  နံနက် (၀၉း၃၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ စားသုံးဆီဖြန့်ခွဲမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့  တနင်္သာရီတိုင်း‌ဒေသကြီး တိုင်းဦးစီးမှူးက  Zoom Meeting ဖြင့် တတ်ရောက်ခဲ့ပါသည်။

17 May 2024

       ၂၀၂၄ခုနှစ် ၊ မေလ(၁၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

17 May 2024

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ “ မြို့နယ်တရားမဝင်ကုန်ပစ္စည်းများတားဆီးရေးအဖွဲ့” မှ ဖမ်းဆီးရရှိထားသည့် အကောက်ခွန်မဲ့ပစ္စည်းဖြစ်ပြီး သုံးစွဲရန်မသင့်သော  တဖက်နိုင်ငံမှတင်သွင်းလာသည့်  Wai Wai instant Noddles, Euro cake, Freshy Roll cake,Raw for food, Sponge Cake, Scream Brand Sport Drink, ASIA Orange Juice, DAN NI YA FISH BEER, DQHW BEER, တရုတ်စာတမ်းပါအရက်၊ တရုတ်နိုင်ငံထုတ်မုန့်မျိုစုံ၊ ကျင်းထုံအမှတ်တံဆိပ်ခြင်နိုင်ဆေးခွေများအား မေလ(၁၆)ရက်နံနက်(၉:၀၀)နာရီအချ

17 May 2024

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ အောင်ပန်းမြို့ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများသို့ (၁၃-၅-၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသွားရောက်၍ လူသုံးကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများတွင် ဈေးကွက်စစ်ဆေးမှုအရ မြန်မာဘာသာကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး လမ်းညွှန်ချက်များအပေါ် ကုမ္ပဏီလုပ်ငန်းရှင်များက လိုက်နာလာသည်ကိုတွေ့ရှိရပါသည်။

17 May 2024

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအားရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုဆောင်ရွက

Pages