သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Apr 2024

     ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက် အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးမြသန်းနိုင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကို၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမ

30 Apr 2024

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်ဦးစီးမှူးရုံးမှ ဦးစိုးဝင်း(ဒု-ကြီးကြပ်ရေးမှူး)သည် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၁၀:၀၀) နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများ Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

30 Apr 2024

            စားသုံးသူ‌ရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစိုးမိုး (ဦးစီးအရာရှိ) နှင့် ဦးစိုးဝင်း (ဒု-ကြီးကြပ်ရေးမှူး) တို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၂၄.၄.၂၀၂၄ )ရက်နေ့ နံနက်ပိုင်းတွင်  ပဲခူးခရိုင် သနပ္ပင်မြို့နယ် စည်ပင်သာယာဈေး အတွင်းရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။

30 Apr 2024

            ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ္ပင်မြို့နယ် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီ တွင် သက်ဆိုင်ရာဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းစားသုံးသူရေးရာဦးစီးဌာန တို့မှ တာဝန်ရှိသူများက သွားရောက်၍ ဆန်စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ ပါသည်။

30 Apr 2024

    ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် Talk Show အစီအစဉ်ကို (၉-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်   ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages