Monthly Archive Page

၁။      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM)၊ လှည်းကူးတွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် အခြားဝန်ကြီးဌာနရှိ လုပ်ငန်းဌာနများက ပေးပို့လာသည့် ကုန်ပစ္စည်းနမူနာများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးလျက်ရှိပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ရှိ ဓာတ်ခွဲခန်းများသို့ စားသုံးဆီ အပါအဝင် လယ်ယာထွက်ကုန်သီးနှံများအား အရည်အသွေးပိုင်းဆိုင်ရာ မှန်ကန်မှု ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးအတွက် ကိုယ်စားပြုနမူနာများ ပေးပို့ရာတွင် နမူနာရယူခြင်းနှင့် ထုပ်ပိုးခြင်းများ မှန်ကန်မှု ရှိရန်အတွက် ဆောင်ရွက်မည့် စံလုပ်ထုံးလုပ်နည်းအား ရေးဆွဲပြုစုထားရှိပြီးဖြစ်ရာ ပူးတွဲပါ PDF File တွင် ကြည့်ရှုနိုင်ပါသည်။

            တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှု (Expression of Interest – EOI) အဆိုပြုလွှာ တင်ပြရန် ဖိတ်ခေါ်ထားပြီးအသေးစိတ် အချက်အလက်များအား https://www.myanmarricefederation.org/my/node/301