Monthly Archive Page

      စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ရည်ရွယ်ချက်များနှင့်အညီ စားသုံးသူပြည်သူများအတွက် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်အပြည့်အဝရရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများအား ကုစားပေးရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

          တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နှစ်နိုင်ငံ ချုပ်ဆိုထားသော အပင်ကျန်းမာ‌ရေး လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည် ‌ဖြစ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးသုံးစက်ကိရိယာများဖြစ်သည့် ICT နှင့် Network ဆက်စပ်ပစ္စည်းများအား  မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ယှဉ်ပြိုင် စျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။ အသေးစိတ်အချက်အလက်များကို အောက်ပါ PDF File တွင် ကြည့်ရှုနိုင်ပါသည်။