ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် Toyota Crown (White Colour) အား ပြုပြင်ရန်အတွက် ကားဘော်ဒီရုံတစ်ခုတွင် အပ်နှံခဲ့ပါကြောင်း၊ ကားဘော်ဒီရုံမှ မော်တော်ယာဉ်၏ အနောက်ပိုင်းတစ်ခုလုံးအားဖြတ်၍ လဲလှယ်မှုဆောင်ရွက်ခဲ့သောကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန Website Complaint System သို့ တိုင်ကြားလာပါသည်။
Monthly Archive Page
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မကွေးမြို့မှအောင်လံသို့ xxxx ယာဉ်လိုင်းဖြင့် ဆေးဆိုင်(၅)ဆိုင်သို့ ဆေးဂျပ်ဖာ (၅) ဖာအား တန်ဆာခ စုစုပေါင်း ငွေကျပ် ၂၃,၅၀ဝ/- ပေးချေပြီး ပေးပို့စေခဲ့ရာတွင် ဆိုင်(၄)ဆိုင်သို့ဂျပ်ဖာများ ရောက်ရှိသော်လည်း ဆေးဆိုင်(၁) ဆိုင်သို့ပေးပို့သည့် ဆေးဂျပ်ဖာ တန်ဖိုးငွေကျပ် ၆၃၀,၀၀ဝ/- မှာ ရောက်ရှိခဲ့ခြင်းမရှိသည့်အတွက် ဂိတ်မှတာဝန်ရှိသူသို့ ပြောကြားခဲ့ရာ လမ်းတွင်ကျပျောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားလာပါသည်။ ယာဉ်လိုင်းမှတာဝန်ရှိသူနှင့် သွားရောက်ညှိနှိုင်းခဲ့ရာ ငွေကျပ် ၄၀၀,၀၀ဝ/-သာ ပေးလျော်နိုင်မည်ဟု ပြောကြားခဲ့သည့်အတွက် ဆုံးရှုံးနစ်နာ

















