ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၂.၁၀.၂၀၂၂) ရက်နေ့နံနက်(၁၀;၀၀)နာရီကလပွတ္တာမြို့ ၊ အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေး၊ ဈေးကော်မတီရုံး၌ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
Monthly Archive Page
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ကွေ့ကြီးရပ်ကွက်၊ ရာပြည့်လမ်း၊ အမှတ်(၂ )လမ်းသွယ်တွင် နေထိုင်သော စားသုံးသူပြည်သူတစ်ဦးမှ xxxx ကုမ္ပဏီမှ Fiber Internet ဝန်ဆောင်မှု ဝယ်ယူ သုံးစွဲခဲ့ရာ အင်တာနက်လိုင်းမကြာခဏပြတ်တောက်ခြင်းကြောင့် ပြန်လည်ပြင်ဆင်ပေးရန် ကုမ္ပဏီသို့ အကြောင်းကြားခဲ့သော်လည်း အဆိုပါကုမ္ပဏီမှ စားသုံးသူကျေနပ်အောင် ဖြေရှင်းပေးနိုင်မှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန Website Complain System သို့ ဆက်သွယ် တိုင်ကြားလာပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်း ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင် ဦးဆောင်သော ဝန်ထမ်းများသည် စစ်ကိုင်းခရိုင်အတွင်း ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်သက်တမ်း (၅)နှစ် နှင့်အောက်သက်တမ်းရှိသော ကုမ္ပဏီများအား မြေပြင်တွင် အမှန်တကယ်ရှိ/မရှိ စက်တင်ဘာလ (၁၄/၁၅/၁၆) ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

















