နေလှည့်စေ့ (ဂျက်စိ)သည် ပြည်ပ)ဝယ်လိုအားရှိသောအမယ်သစ်ပို့ကုန် အနေဖြင့်တရုတ်နိုင်ငံ မှဝယ်လိုအားရှိသောသီးနှံတစ်မျိုးဖြစ်သည်၊၊နေလှည့်စေ့(ဂျက်စေ့)မှနှမ်း၊ပဲစင်းငုံစသည့်စိုက်ခင်းများ
တွင်ပေါက်ရောက်သောပေါင်းပင်တစ်မျိုးဖြစ်ပြီးမိတ္ထီလာခရိုင်တွင်သာစည်မြို့နယ်မှအများဆုံးထွက်ရှိကြောင်းသိရသည်။ နေလှည့်စေ့ကို ယခင်တောင်သူများ အနေဖြင့် ပေါင်းပင်အဖြစ် ရှင်းလင်းကြသော်လည်း နောက်ပိုင်းတွင် ဈေးကွက်မှ ဝယ်လိုအားရှိပြီး ဈေးကောင်းရသည့် အတွက် ရှင်းလင်းခြင်း မပြုပဲ ရိတ်သိမ်းရောင်းချလာခြင်း ဖြစ်သည်။ နေလှည့်စေ့ဈေးကွက် အနေဖြင့် လွန်ခဲ့သော (၁၅) နှစ်ခန့်မှ စ၍ တစ်ပိဿာလျှင် ၅၀၊၇၀ တို့ဖြင့် အဝယ်ရှိခဲ့ရာ ယခုနောက်ပိုင်း ၃/၄ နှစ် အတွင်းမှာတော့ အဝယ်ပိုလိုက်လာ သည့်အတွက် လက်ရှိဈေးမှာ တစ်ပိဿာ ၉၀၀၀ ဈေးဖြင့် ရောင်းချရကြောင်း သိရသည်။ နေလှည့်စေ့သည် အပူဒဏ်လွန်ကဲသော ဂုဏ်သတ္တိရှိ၍ ပိုးမွှားများ မနေနိုင်ကြောင်း နှင့် အဆိုပါ နေလှည့်စေ့ကို တရုတ်နိုင်ငံတွင် အင်ဂျင်ဝိုင် ထုတ်လုပ်သည်ဟု သိရပြီး အချို့ကလည်း ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုကြောင်း ကုန်သည်များက ပြောကြသည်။ ထိုသို့လည်အသုံးဝင်သော နေလှည့်စေ့မှာ တောင်သူများအတွက် စီးပွားဖြစ်အကျိုးအမြတ်များသော အမယ်သစ် သီးနှံဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)