Monthly Archive Page

    ပြည်ပဲဈေးကွက်မှာ လက်လီ/လက်ကားပဲမျိုးစုံ နေ့စဉ် ရောင်းဝယ်မှုဖြစ်ခဲ့ကြပြီး လက်လီရောင်းဝယ်မှုဖြစ်နေသောပဲများမှာ ဘိုကိတ်၊ ပဲလွမ်းဖြူ၊ စားတော်ပဲ၊ ထောပတ်ပဲတို့ဖြစ်ကာ ပဲလွမ်းဖြူသီးနှံမှာမူ ဈေးကွက်အတွင်း ဈေးအနိမ့်ဖြင့် ရောင်းချမှုဖြစ်နေခဲ့ကြပါသည်။ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် (၅၃၀၀၀)ကျပ်ခန့်ရရှိသောကြောင့် ယခင်နှစ်ထက် ဈေးပိုသော်လည်း တခြားလက်လီပဲအားလုံးတို့အောက် ဈေးလျော့နည်းခဲ့ပါသည်။ ယခင်နှစ်၊ ဩဂုတ်လအတွင်း ပဲလွမ်းဖြူဈေးမှာ တစ်တင်းလျှင် (၄၅၀၀၀)ကျပ်ရရှိခဲ့သော်လည်း ယခုနှစ် ဩဂုတ်လတွင်မူ ယခင်နှစ်ဈေးထက် ကျပ်(၁)သောင်းနီးပါးခန့်သာဈေးပိုရလာခဲ့ပါသည်။ ပဲလွမ်းဖြူသီးနှံသည် ပ

    ပြည်ပဲမျိုးစုံဈေးကွက်မှာ လက်လီရောင်းဝယ်မှုသာဖြစ်ပြီး ဈေးအမြင့်ဖြင့် ရောင်းဝယ်နေသည့်ပဲသီးနှံမှာမူ ပဲနီပြားသီးနှံဖြစ်ခဲ့ပါသည်။ ပဲနီပြားသီးနှံသည် ယခုနှစ်၊ ဩဂုတ်လ လက်လီပဲဈေးကွက်မှာ စားတော်ပဲသီးနှံပြီးလျှင် ဒုတိယဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေသောသီးနှံဖြစ်ခဲ့ကာ ပိဿာ (၂၀) ဝင် တစ်တင်းလျှင် (၁)သိန်းကျပ်ဖြင့် လက်လီသမားများ နေ့စဉ် အိတ် (၃၀/၄၀) ကျော်ဝယ်ယူလျက်ရှိကြောင်းသိရပါသည်။ ပဲနီပြားသီးနှံကို ပဲကြော်ဖိုသမားများက ဝယ်ယူမှုရှိသကဲ့သို့ ပဲပြုတ်ရောင်းချသူများကလည်း ဝယ်ယူနေခဲ့ကြပါသည်။ ယခင်နှစ်၊ ဩဂုတ်လ ပဲဈေးကွက်အတွင်း ပဲနီပြားသီးနှံမှာ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ကျပ် (၅)သောင်းခ