၂.၁၂.၂၀၂၀ ရက်နေ့တွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခိုင်မို့မို့၊ ဆားလင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်မိုးမိုးမြင့်နှင့် ယင်းမာပင်မြို့နယ်တာဝန်ခံ ဒေါ်သီတာခိုင်တို့သည် ယင်းမာပင်မြို့နယ်၊ ပြန်လှည့် ကျေးရွာအတွင်းရှိ ကုန်မျိုးစုံဆိုင်(၅)ဆိုင်တို့အား သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် သက်တမ်းလွန်ကုန်ပစ္စည်းများ ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် ကြော်ငြာထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိကွင်း ဆင်းစစ်ဆေးခဲ့ရာ ရောင်းချလျှက်ရှိသောကုန်စည်များတွင် ကုန်အညွှန်းအမှ
Monthly Archive Page
၈.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ကွက်ရှိ New Wave Guitar ဂစ်တာလုပ်ငန်းရှင် ဦးမြင့်ထွန်းနှင့် တွေ့ဆုံ၍ စာသုံးသူအသိပညာပေးဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။ ဆွေးနွေးပြောကြားရာတွင် ဌာနမှ တာဝန်ရှိသူတစ်ဦး စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြပါရှိရမည့် အချက်အလက်မျာ
၅.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များအသင်းခန်းမ၌ ကျင်းပပြုလုပ်သော ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အကြောင်းများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများ၊ ကျောက်စိမ်း အချောထည် လုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်များ၊ စုစုပေါင်း (၇) ဦး တက်ရောက်ဆွေးနွေး ခဲ့ပါသည်။
စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း (CFAVC) စီမံကိန်းတွင် ပါဝင်သည့် ဦးစီးဌာနများမှ (RPIU, TPIU) အဖွဲ့ဝင်များအားလုံးနှင့် (၇.၁၂.၂၀၂၀)ရက်နေ့မှ(၁၄.၁၂.၂၀၂၀)ရက်နေ့ထိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ (၇.၁၂.၂၀၂၀)ရက်နေ့နှင့် (၈.၁၂.၂၀၂၀)ရက်နေ့တို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၁)ဦးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့မှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ပေါ်တွင် ရောင်းချနေသော ကုန်စုံဆိုင်များ နှင့် အလှကုန်ဆိုင်များတွင် တားမြစ်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ အရေးကြီးကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍
၇.၁၂.၂၀၂၀ ရက်နေ့နှင့် ၈.၁၂.၂၀၂၀ ရက်နေ့တို့တွင် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်နှင့် ခေမာသီရိရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်နှင့် ကုန်စုံဆိုင်များတွင် အရေးကြီးကုန်စည်များဖြစ်သည့် Covid-19 ရောဂါကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask, Hand Gel & Face Shield များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ အမျိုးအစား၊ အရည်သွေး၊ အာမခံချက်အပေါ်မူတည်၍ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်သာ ရောင်းချနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစိုးစိုးသည် ဝန်းသိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဖြင့် ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၇)ရက်နေ့တွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှ မြို့နယ်အထိ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ၊ တောင်သူများ စုပေါင်းပြီး ဆန်စပါးမြို့နယ်အမှုဆောင်ရွေးချယ်ပွဲ ကို ဒီဇင်ဘာလ (၈)ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့မ knowledge center တွင် Covid-19 ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ပါသည်။
ရှမ်းပြည်နယ် ၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၂/၂၀၂၀) အား ၂၇.၁၁.၂၀၂၀ ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဘဏ္ဍာရေးဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဒု-ဥက္ကဌ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာနမှအတွင်းရေးမှူး ဦးတင့်လွင်ဦးက စားသုံးသူကာကွယ်ရေးဉပဒေအရ စားသုံးသူ ရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအားရှင်းလင်းတင်ပြခြင်း ၊ ဦးစီးအရာရှိ ဒေါ်နှင်းအိအောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်င
မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACCP) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် အဓိကဆက်သွယ်ဆောင်ရွက်ရသည့်ဌာနဖြစ်ပါသည်။ အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီသည် အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် (၂ဝ၁၆-၂ဝ၂၅) (ASEAN Strategic Action Plan for Consumer Protection 2016-2025) ကိုချမှတ်၍ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါ အကောင်အထည်ဖော် ဆော

















