Monthly Archive Page

       ကျွန်မတို့မြန်မာနိုင်ငံကြီးမှာဆိုလျှင် သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ အဖိုးတန် ရတနာများစွာ ရှိပါသည်။ တန်ဖိုးမဖြတ်နိုင်သော အပင်များစွာလည်း ပေါက်ရောက်လျက် ရှိပါသည်။ ယခုအခါ အနောက် နိုင်ငံများမှ မြန်မာနိုင်ငံရှိ အဖိုးတန်ဆေးဖက်ဝင် အပင်များကို သတိထား မိလာကြပြီး မြန်မာနိုင်ငံနှင့် ချိတ်ဆက်ရောင်းဝယ်မှုများ ပြုလုပ်လာကြပါသည်။ မြန်မာနိုင်ငံမှ လျှော်ဖြူကို တရုတ်(တိုင်ပေ)သို့ တရားဝင်လမ်းကြောင်းဖြင့် တင်ပို့ရောင်းချနေကြောင်း လေ့လာသိရှိရပါသည်။ ဒါကြောင့် ယနေ့ နေရာတော်တော် များများတွင် အသုံးဝင်နေသော တန်ဖိုး မဖြတ်နိုင်သည့် ဈေးကွက်ဝင် လျှော်ဖြူပင် အကြောင်

     နိုင်ငံတကာတွင် လတ်တလောဖြစ်ပွားနေသည့် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၁၈.၃.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့ပေါ်ရှိ ဈေးများသို့လည်းကောင်း၊ ၁၉.၃.၂၀၂၀ ရက်နေ့တွင် တရနာဈေးနှင့် တရနာ သားသတ်ရုံတို့သို့လည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး သားသတ်ရုံများနှင့် အသားစိမ်းရောင်းချရာ ဈေးများ၏

     မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အဆင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီအား မြို့နယ်အုပ်ချုပ်ရေးမှူး မှ ဥက္ကဌအဖြစ် တာဝန်ယူလျှက် ဌာနဆိုင်ရာအသီးသီးမှ အဖွဲ့ဝင် (၁၅) ဦးဖြင့် မြို့နယ်အဆင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း သိရှိရသည်။

     ၁၈.၃.၂၀၂၀ ရက်နေ့ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ လက်ပံတန်းကျေးရွာတွင် ရွာသူ/ရွာသား(၆၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်(၁၀)ဦးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားပေးရန်နှင့်မြန်မာစာအပြည့်စုံပါရှိသည့် ကုန်စည်များအား တင်ပို့ရောင်းချရမည်ဖြစ်ကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။   

ကချင်ပြည်နယ်

     မြစ်ကြီးနားခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၃.၃.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ အသိပညာပေးခြင်းနှင့် လက်လီ/လက်ကားကုန်စုံ အရောင်းဆိုင်များတွင် မှိုတက်မုန့်များ၊ (Exprie date) စားသောက်ကုန်ပစ္စည်းများ ရောင်းချနေခြင်းမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် ၄.၃.၂၀၂၀ ရက်နေ့ တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု၌ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် လက်လီ/လက်

         ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မတ်လ (၁၆)ရက်နေ့မှ (၂၀)ရက်နေ့ထိ ပြည်နယ်FDAမှ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် စားသောက်ကုန် ပစ္စည်းနမူနာများဝယ်ယူကာ စားသုံးရန်သင့်/မသင့်နှင့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးရန် ကွင်းဆင်းဆောင်ရွက်မှုများအား ဗန်းမော်မြို့၊မိုးမောက်မြို့၊မံစီမြို့၊ ရွှေကူမြို့တို့မှ မြို့နယ်ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာ​ရေးဦးစီးဌာန၊ မွေး/ကု၊ စည်ပင်သာယာရေး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စည်ပင်သာယာစျေးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြ ပါသည်။

       ၂၀.၃.၂၀၂၀ ရက်နေ့တွင် ဗန်းမော်ခရိုင် DOCAမှ တာဝန်ရှိသူများသည် ဒေါ့ဖုန်းယန်မြို့ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် စီးပွားရေးလုပ်ငန်းရှင် (၃၁) ဦးအား လည်းကောင်း၊ သိန်လုံကျေးရွာ ဓမ္မာရုံတွင် ရွာသူ/ရွာသားများနှင့် စီးပွားရေးလုပ်ငန်းရှင် (၇၆) ဦး အား လည်းကောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းများ အသိပညာပေးခြင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား  သွားရောက်​ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ကလေးခရိုင်ရှိ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းနှင့် နေကြာစိုက်ပျိုးတောင်သူများ၊ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ တွေ့ဆုံပွဲအခမ်းအနားကို ( ၁၅.၃.၂၀၂၀ ) ရက်နေ့  ခရိုင်စိုက်ပျိုးရေးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ အထိမ်းအမှတ်အဖြစ် စားသုံးသူအရေးစဉ်ဆက်မပြတ် ဆောင်ရွက်ပေး ဆောင်ပုဒ်နှင့်အတူ ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက Media Campaign များ ဆောင်ရွက်ခဲ့ ခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက် နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၇:၀၀)အထိ မကွေးတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်များတွင် ကမ္ဘာ့စားသုံ

     ပြည်တွင်းထုတ်ကုန်များ၏ သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် မျှော်မှန်းချက်ဖြင့် မွန်ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာန၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် မော်လမြိုင်ကုန်စည်ဒိုင်ကို ၂၁.၁.၂၀၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၁၇.၃.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မျိုးဦးနှင့် ကုန်စည်ဒိုင်အသင်းအလုပ်အမှုဆောင်များ၊ မော်လမြိုင်ကုန်စည်ဒိုင်ဒေသပေါက်ဈေးနှုန်းများ နေ့စဉ်သတင်းထု