ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသများ၏ မေလစတုတ္ထပတ် ကုန်သွယ်မှုအခြေအနေ များကို သက်ဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပေးပို့နေ သော စာရင်းများအရ ကျိုင်းတုံ- မိုင်းခတ်- မိုင်းယန်း- မိုင်းလား နယ်စပ်လမ်းကြောင်းတွင် ယခုတစ်ပတ် ပို့ကုန်မရှိဘဲ၊ သွင်းကုန်အနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များသာ တင်သွင်းလျက် ရှိပြီး၊ အခြေခံစားသောက်ကုန် စျေးနှုန်းများ တည်ငြိမ်လျက်ရှိကာ၊ စပါးအဟောင်း(၄၀) ကီလို တစ်အိတ်လျှင်(၁၃၀၀၀)ကျပ်၊ စပါးအသစ်(၄၀)ကီလို တစ်အိတ်လျှင်(၁၂၅၀၀) ကျပ်စျေး အသီးသီးရှိပါသည်။ ဒေသဆန်မှော်ဘီ-၃ (၅၀) ကီလိုတစ်အိတ်လျှင် (၃၁၀၀၀) ကျပ်ဖြင့် စျေးငြိမ်လျက်ရှိနေပါတယ်
ပြည်တွင်းကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက်၊ ကလော၊ ညောင်ရွှေ၊ ရွာငံမြို့များမှ ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီ၊ မြင်းခြံ၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ စစ်တွေ၊ တပ်ကုန်း၊ မိတ္ထီလာ၊ သာစည်၊ တောင်ငူနဲ့ ပဲခူးမြို့များသို့ သီးနှံနှင့် သစ်သီးဝလံ၊ ကုန်စိမ်းမျိုးစုံ စီးထွက်လျှက်ရှိရာ အောင်ပန်းကုန်စည်ဒိုင်၏ မေလတတိယအပတ်အတွင်း ပေးပို့သော စာရင်းများအရ ကြက်သွန်ဖြူတစ်ပိဿာ ၁၀၀၀ ကျပ် မှ ၂၀၀၀ ကျပ်စျေးနှုန်းဖြင့်ကုန်ချိန်(၇၂၀၀၀)၊ အာလူးတစ်ပိဿာလျှင် ၁၀၀ ကျပ်မှ ၆၅၀ ကျပ် စျေးနှ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် အိမ်တွင်းတပိုင်တနိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည့်ထန်းလျက်လုပ်ငန်းရှင်အသင်းသို့ ၂၆.၁၂.၂၀၁၈ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်၍ တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ပါသည်။
တောင်ကြီးစျေးကွက်အတွင်း ပြောင်းအဝင်ရှိသလောက် အထွက်များ
တောင်သူတွေအကြိုက်နဲ့ စက်ပိုင်များမလိုက်သေးတဲ့ ဆင်းဧကရီ(၃)ခေါ် ဆင်း- ၃ သစ်အဖွင့်စျေး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီစိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ
ဒီနှစ်မှာတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အောင်ပန်းနနွင်းထက် ဟိုပုန်းနနွင်းကပိုပြီး အရောင်းသွက်နေပါတယ်။ အောင်ပန်းစျေးကွက်မှာတော့ နနွင်းနဲ့ချင်းခြောက်က တစ်နှစ်ပတ်လုံးနီးပါး အရောင်းအဝယ်အေးသလို စျေးလည်းအေးနေတယ်လို့ သိရပါတယ်။ အောင်ပန်းစျေးကွက်ကိုဝင်တဲ့ နနွင်းကို ရန်ကုန်ဝယ်လက်ကပဲအဝယ် ရှိနေပြီး ရေကြောင်းကတဆင့် သွားရတဲ့ဝယ်လက်တွေက အဓိကဝယ်ယူကြတယ်လို့ သိရပါတယ်။ ပြည်ဝယ်လက်တွေကလည်း အနည်းအကျဉ်းဝယ်ယူနေပြီး လှောင်ဖို့အတွက်နဲ့ ဒေသတွင်းဖြန့်ဖို့အတွက် ဝယ်ယူနေတယ်လို့ ဆိုပါတယ်။
အောင်ပန်းစျေးကွက်မှာတော့ ချင်းသစ်တွေစတင်ဝင်လာပါပြီ၊ စက်တင်ဘာလ လဆန်းမှာ မိုးများပြီး အပင်သေ (သို့မဟုတ်) သိပ်ပုပ်တဲ့အပင်တွေက မဖော်မဖြစ်ဖော်ရတာကြောင့် စျေးကွက်မှာဝင်လာတဲ့ ချင်းသစ်တွေက အနုတွေသာများတယ်လို့လည်း သိရပါတယ်။ အခုအပတ်မှာတော့ ချင်းတက်သစ်တွေက ရင့်လာပြီ ဖြစ်တာကြောင့် ဖော်ရတာလို့ သိရပါတယ်။ ချင်း(စို)အသစ်က ချင်း(ဥမ)ထက် အထားခံတာကြောင့် လှော်လက်တွေကရော ကုန်သည်တွေကပါပိုပြီး သဘောကျနှစ်ခြိုက်ကြတယ်လို့ သိရပါတယ်။ ချင်းတက်က တစ်နှစ်ပတ်လုံးအရောင်းအဝယ်ဖြစ်တဲ့ သီးနှံဖြစ်တာကြောင့် ချင်း(ဥမ) လို ခပ်မြန်မြန် မရောင်းရင်လည်းရတယ်လို့ သိရပါတယ်။
ရှမ်းနနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်၊ ဝယ်လက်တွေကတော့ ချင်း (စို) နှင့်အတူ နနွင်းကိုလည်း အနည်းအကျဉ်းဝယ်နေလို့ စျေးကွက်မှာတော့ ပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပြည်ပကို ပင်လယ်ရေကြောင်းကနေတဆင့်သွားနေသလို နယ်စပ်စခန်းတွေကလည်း သွားနေတယ်လို့ သိရပါတယ်။ဒီနှစ် နနွင်းအရောင်းအဝယ်က အရင်နှစ်တွေလောက် မသွက်ဘူးလို့လည်းသိရပါတယ်။ နနွင်းလက်ကျန်တွေ အတော်ရှိနေပြီး နောက်ရာသီချိန်အထိ ရှိနေနိုင်သေးတယ်လို့ ခန်းမှန်းကြပါတယ်။ ဒီအပတ် အောင်ပန်းစျေးကွက်မှာတော့ နနွင်းတစ်ပိဿစျေးမှာ အနိမ့်ဆုံး ၈၀၀ိ/- မှ အမြင့်ဆုံး ၂၀၀၀ိ/-စျေးရှိပြီး ဟိုပုံးစျေးကွက်မှ

















