၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုမှာ တိုးတက်မှုရှိခဲ့သော်လည်း တရုတ်နှင့် အိန္ဒိယ ဈေးကွက်များသို့ တင်ပို့နိုင်မှုမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း၊ စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ စားအုန်းဆီ တန်ချိန် ၇၈၁၀၀၀ တန်သာ တင်ပို့ခဲ့ရာ သြဂုတ်လ၌ တင်ပို့နိုင်မှု တန်ချိန် ၉၂၀၀၀၀ အပေါ် ၁၅.၁၁% လျော့ကျခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း (Gapki) က ၂၁-၁၁-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။
Monthly Archive Page
၂၀၂၃ ခုနှစ်၏ ကျန်ရှိသောလများတွင် သကြားဈေးနှုန်းများမှာ ပိုမိုကြီးမြင့်နိုင်ကြောင်းဖြင့် ဗီယက်နမ်ကြံနှင့် သကြားအသင်း (Vietnam Sugarcane and Sugar Association -VSSA) က ပြောကြားပါသည်။
ထိုင်းနိုင်ငံတွင် ကြံစိုက်ပျိုးသော တောင်သူများအနေဖြင့် ၂၀၂၃-၂၀၂၄ သီးနှံရာသီအတွက် ကြံနှင့်သကြားဘုတ်အဖွဲ့ရုံး (Office of the Cane and Sugar Board - OCSB) က တွက်ချက် တင်ပြထားသည့် ခန့်မှန်းသကြားဈေးနှုန်းများထက် ပိုမိုလျက် ကြံတစ်တန်လျှင် ၁၄၀၀ ဘတ်နှုန်း သတ်မှတ်ပေးရေး အာဏာပိုင်များသို့ တောင်းဆိုရန် စီစဉ်လျက်ရှိကြောင်း Bangkok Post သတင်း ဌာနက ဖော်ပြပါသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ဒေသခံကုန်ထုတ်လုပ်သူများနှင့် ရောင်းချသူများအနေဖြင့် မကြာသေးမီကာလ၌ ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အခြေစိုက် အလီဘာဘာ (Alibaba e-platform) အွန်လိုင်းဈေးကွက်စင်္ကြန် တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်အရ အခွင့်အလမ်းများကိုရယူလျက် ၄င်းတို့၏ ထုတ်ကုန်များကို အဆိုပါအွန်လိုင်းဈေးကွက်တွင် လွှင့်တင်ရောင်းချကြရန် အစိုးရကတွန်းအားပေးလျက်ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံကုန်သည်လုပ်ငန်းရှင်များက ဝန်ကြီးချုပ်ရုံးသို့ အရေးဆိုတင်ပြခဲ့ပြီးနောက် အစိုးရအနေဖြင့် မိုဇမ်ဘစ်နိုင်ငံနှင့် လက်မှတ်ရေးထိုးထားသော ပဲစင်းငုံတန်ချိန် ၂ သိန်း နှစ်စဉ် ဝယ်ယူတင်သွင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြန်လည် ရုတ်သိမ်းဖွယ်ရှိကြောင်း Economic Times သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။
ကမ္ဘာ့ဆန်ထိပ်တန်းတင်သွင်းသည့် ဖိလစ်ပိုင်နိုင်ငံ၌ ရှေ့လာမည့် မတ်လ ရိတ်သိမ်းကာလ အထိ ပြည်တွင်းဈေးကွက်အတွင်း ရောင်းလိုအားအပိုင်းကို မြှင့်တင်နိုင်ရန်အတွက် ဆန်တန်ချိန် ၁ သန်း ဝယ်ယူတင်သွင်းမှုကို ခွင့်ပြုအချိန် ၁ လတာအတွင်း အပြီးအပြတ်ဆောင်ရွက်ရန် သွင်းကုန် လုပ်ငန်းရှင်များသို့ အစိုးရက တိုက်တွန်းထားကြောင်း သိရှိရပါသည်။
ဖိလစ်ပိုင်နိုင်ငံတွင် လယ်သမားများမှ ရောင်းချသည့် စပါးဈေးနှုန်းသည် ၂၀၂၂ ခုနှစ် ကာလ တူ၌ ဖြစ်ပေါ်ခဲ့သော ပျမ်းမျှဈေးနှုန်း ၁ ကီလိုဂရမ်လျှင် ၁၇.၄၄ ပီဆို အပေါ် ၁၈.၁% မြင့်တက်လျက် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၂၀.၆၀ နှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့က ၂၀-၁၁-၂၀၂၃ နေ့ တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှစတင်၍ ပြည်ပတင်ပို့မှု တားမြစ်ကန့်သတ် ကုန်စည်အဖြစ် သတ်မှတ်ထားရှိသည့် ဘာစမာတီမဟုတ်သောဆန်များကို အစိုးရချင်းညှိနှိုင်းမှု (G2G) အစီအစဉ်အရ ဝယ်ယူခွင့်ရရှိသည့် နိုင်ငံအချို့သည် ဆန်များသင်္ဘောတင်ပို့မှုအပေါ် အိန္ဒိယ အစိုးရ၏ ပို့ကုန်အခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရ ပါသည်။
တရုတ်နှင့် မလေးရှား နှစ်နိုင်ငံမှ စားအုန်းဆီလုပ်ငန်းတွင် အဓိကပါဝင်ပတ်သက်သူများ၏ မျက်နှာစုံညီအစည်းအဝေးကို မလေးရှားဒုတိယ၀န်ကြီးချုပ်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ၁၄-၁၁-၂၀၂၃ ရက် (အင်္ဂါနေ့)တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ကြောင်း သိရပါသည်။
ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ အင်္ဂါနေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသည် ပြည်တွင်းသကြားဈေးနှုန်းများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်အတည်ပြုခဲ့ခြင်းကြောင့် စားသုံးသူများအတွက် သကြားတစ်ကီလိုဂရမ်လျှင် ဘတ်ငွေ ၂ ဘတ်နှုန်းဖြင့် မြင့်တက်လာကြောင်းဖြင့် Bangkok Post သတင်းစာဌာနက ဖော်ပြထားသည်။

















