Monthly Archive Page

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၄-၁၂-၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့အနောက်ပိုင်းရပ်ကွက်အတွင်းရှိ “နေလကွာစေ့” လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်အေးဝင်း၏လုပ်ငန်းခွင်သို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

       မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနေသော သွင်းအားစုများဖြစ်သည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများမှာ သြဘာပုလဲမြေသြဇာ N:46% ( ၁၀၆၀၀၀ )ကျပ်၊ ( ရွှေတောင်အိန္ဒိယ )ပန်းဖြူ N:46% မှာ ( ၉၈၀၀၀ )ကျပ်နှင့် အမို N:P:K-15:15:15 မှာ ( ၁၅၀၀၀၀ )ကျပ်၊ မြင်းကျား‌ရွှေပုလဲ N:46%  ( ၇၅၀၀၀ )ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ မှိုဆေးနှင့် ပိုးသတ်ဆေးများမှာ အဆီဖျတ် ( 250g ) ( ၁၁၀၀၀ )ကျပ်၊ အဆီဖိတ်  (500g ) ( ၂၀၈၀၀ )ကျပ်၊ ဇွန်ဘီ  (100g ) ( ၉၀၀၀ )ကျပ်၊  အလန်း ( 100g ) ( ၁၁၅၀၀ )ကျပ် ၊ ဒီမွန် ( 250g ) ( ၈၅၀၀ )ကျပ်၊ ဒါနာဒင် ( 10