ကန့်ဘလူခရိုင်၌ ရောင်းချလျက်ရှိသော လိမ္မော်သီးဈေးနှုန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။
လိမ္မော်သီးအမျိုးအစားများမှာ ပျားသံပုရာ၊ ပျားလိမ္မော်၊ ရွှေလိမ္မော်နှင့် အလုံးကြီးမျိုး စသည် ဖြင့်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဧပြီလ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များ တွင်လိမ္မော်သီး(၁)ပိဿာလျှင်၂၀၀၀၀ကျပ်၊ လိမ္မော်သီး(၂၅)ကျပ်သားလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်း ချလျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် လိမ္မော်သီးများ အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

















