ကန့်ဘလူခရိုင်၌ ရောင်းချလျက်ရှိသော ပန်းသစ်တော်သီးဈေးနှုန်း အခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီးများ ရောင်းချလျက်ရှိပြီး၊ ပန်းသစ်တော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက် ရှိကြောင်း သစ်သီးရောင်းဝယ်ရေး လုပ်ငန်းရှင်၏ ပြောပြချက်အရ သိရသည်။

       ကန့်ဘလူခရိုင်အတွင်း၌ ၂၀၂၅ ခုနှစ် ၊ ဧပြီလ စတုတ္ထပတ်အတွင်း  သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၁)လုံးလျှင် ၃၀၀၀ကျပ်၊ အလုံးသေးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးသည် အရည်ရွှမ်းအသီး တစ်မျိုးဖြစ်သည့်အတွက် နွေရာသီနှင့်လိုက်ဖက်ပြီး လူကြိုက်များကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)