Monthly Archive Page

    မကွေးမြို့ XXXXXX ရပ်၊ XXXXXX လမ်းတွင်နေထိုင်သော ဦး XXXXXX သည် (၁၁.၅.၂၀၂၄)ရက်နေ့တွင် XXXXXX မြို့မှ XXXXXX မြို့သို့ XXXXXX ယာဉ်လိုင်းဖြင့်  Redmi 13 C ကျပ်(၄၃၉၀၀ဝိ/-) တန်ဘိုးရှိ ပါဆယ်ထုပ်အား တန်ဆာခပေး၍ ပေးပို့ခဲ့ကြောင်း၊ ပါဆယ်ထုပ်ရောက်ရှိချိန်၌ သွားရောက်ထုတ် ယူရာတွင် အခြားတစ်ဦးမှ ထုတ်ယူသွားပြီးဖြစ်ကြောင်း ပြောကြားလာသည့်အတွက် ပါဆယ်ထုပ် ပျောက်ဆုံးမှုအပေါ် တာဝန်ယူမှုမရှိသဖြင့် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ကြား လာပါသည်။

    မကွေးတိုင်းဒေသကြီး၊ XXXXXX မြို့နေ ဦးXXXXXX သည် အွန်လိုင်းမှတစ်ဆင့် ပဲခူးမြို့၊ ရွှေမောဓောဘုရားအနီးရှိ XXXXXX အမည်ဖြင့် မီနီအိုးဝေ ရောင်းဝယ်ရေးဆိုင်မှ သုံးဘီးတစ်စီးအားမှာယူခဲ့ရာ စရံငွေ(၃)သိန်းကျပ်အား Wave Money ဖြင့် (၁၅.၁.၂၀၂၄)ရက်နေ့တွင် ငွေလွှဲပေးပို့ခဲ့ကြောင်း၊ ငွေလွှဲပြီး (၁)နာရီအကြာတွင် ဖုန်းနံပါတ် XXXXXX ဖြင့် XXXXXX  မှဟုဆိုကာ ဦး XXXXXX မှ XXXXXX မြို့သို့ ပို့ဆောင်ပေးရမည့် သုံးဘီးအား ကားပေါ်သို့ တင်ပေးပြီးဖြစ်ကြောင်း၊ တန်ဆာခပေးချေ ထားသည့် ချလံအား ပေးပို့လာကာ ကျန်ရှိနေသော ငွေကျပ်(၂၆)သိန်းအား ထပ်မံပေးပို့ပေးပါရန် တောင်းဆိုလာပါ သဖြင့် ငွေကျပ်(