ခရီးသွားကဏ္ဍဖွံ့ဖြိုးဖို့ ဒီဂျစ်တယ်နည်းပညာအသုံးပြုကြစို့

ခရီးသွားကဏ္ဍတွင် AI နှင့် ဒီဂျစ်တယ်နည်းပညာအသုံးပြုခြင်းသည် ကောင်းမွန်သည့် ခရီးသွားအတွေ့အကြုံရရှိနိုင်ပြီး ခရီးသွားလုပ်ငန်းများအတွက် ဈေးကွက်ရှာဖွေမှုကောင်းမွန်နိုင် ကြောင်း လေ့လာသိရှိရပါသည်။ ခရီးသွားလုပ်ငန်း၏ ဆောင်ပုဒ်မှာ “ခရီးသွားကဏ္ဍ ဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် AI နည်းပညာသုံးကြစို့” ဖြစ်ကြောင်း၊ ဆောင်ပုဒ်နှင့်အညီ ခေတ်သစ်ကမ္ဘာကြီး၏ လျှင်မြန်စွာပြောင်းလဲနေသည့် နည်းပညာရေစီးကြောင်းနှင့်အညီ ခရီးသွားလုပ်ငန်းများကို အမြော်အမြင် ရှိရှိနှင့် တိုးမြှင့်ဆောင်ရွက်ရန် အသင့်တော်ဆုံးဖြစ်ပါသည်။ AI နှင့် နည်းပညာများကို အသုံးပြုခြင်းသည် ခရီးသွားဧည့်သည်များအတွက် အလွန်ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များအတွက်လည်း လုပ်ငန်းစီမံ ခန့်ခွဲမှု၊ ဈေးကွက်ရှာဖွေမှုနှင့် ဆုံးဖြတ်ချက်များချမှတ်မှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။နည်းပညာများကို အသုံးပြုရာတွင် နည်းပညာ အကျိုးကျေးဇူးများကို အာရုံစိုက်ရမည် ဖြစ်သကဲ့သို့ လုံခြုံရေး၊ ကိုယ်ရေးအချက်အလက်ကာကွယ်ရေး၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် လူသားဗဟိုပြု အစရှိသည့် အချက်များကို အလေးထားသတိပြုဆောင်ရွက်ကြရမှာ ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံကို နိုင်ငံတကာခရီးသွားဧည့်သည်များလာရောက်လည်ပတ် ရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရပါ သည်။ နိုင်ငံတကာတွင် ကျင်းပပြုလုပ်သည့် ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွား ပြခန်းများပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များဆောင်ရွက်ခြင်းများအပြင် ဒီဂျစ်တယ် နည်းပညာသုံးခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် တိုးတက်ဆောင်ရွက်သွား မည်ဆိုပါက ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမည်ဖြစ်ပါသည်။ နည်းပညာသစ်များကို အသုံးပြုသည့်အခါ ဒေသခံပြည်သူလူထု၏ အလုပ်အကိုင်၊ အခွင့်အလမ်းများ ထိခိုက်မသွားဘဲ ပိုမိုကောင်းမွန်လာရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ကြသည့် ဒေသထွက် လက်မှုပညာလုပ်ငန်းရှင်များ၊ တည်းခိုခန်းလုပ်ငန်း ရှင်များနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များပါ ဒီဂျစ်တယ်စနစ်၏ အကျိုးကျေးဇူးကို ခံစားရရှိနိုင်ရန် လိုအပ်ပါသည်။ လက်မှုလုပ်ငန်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် များက ထုတ်လုပ်ရောင်းချသည့် ထုတ်ကုန်ပစ္စည်းများကို ဒီဂျစ်တယ်ပလက်ဖောင်းများမှတဆင့် ကမ္ဘာ့ဈေးကွက်တွင် ရောင်းချနိုင်အောင် ချိတ်ဆက်ပေးရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာ ယဉ်ကျေးမှုနှင့် သဘာဝအလှအပများကို အခြေခံထားသော ထူးခြားသည့် ကဏ္ဍတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တဖြည်းဖြည်းတိုးတက်လာသည့် လုပ်ငန်းဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းကို လူသားတို့သည် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တစ်နေရာမှ တစ်နေရာသို့ ခရီးလှည့်လည်သွားလာကြသည်။ ထိုသို့ ခရီးသွားလာရာတွင် ခေတ်အဆက်ဆက် ခရီးသွားလာမှုပုံစံပြောင်းလဲလာပြီး ခေတ်မီလာသည့် အတွက် ခရီးသွားလုပ်ငန်းအဖြစ် ပေါ်ထွန်းလာကာ ခရီးသွားလုပ်ငန်းသည်လည်း ကြီးမား ကျယ်ပြန့်သောအသွင်ဆောင်လာသည့်လုပ်ငန်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေး လုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက် ရေးကိုများစွာ အထောက်အကူပြုလျက် မီးခိုးမထွက်သော စက်ရုံဟု တင်စားသတ်မှတ်ထားသည့် အစိမ်းရောင်စီးပွားရေးလည်း ဖြစ်ကြောင်း သိရှိရပါသည်။ ခရီးသွားလုပ်ငန်းသည် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ သဘာဝအရင်းအမြစ်များ၊ ဂေဟ စနစ်များ၊ ရှေးဟောင်းအမွေအနှစ်များ၊ သယံဇာတပစ္စည်းများ စသည်တို့ကို မထိခိုက်စေခြင်းတို့ နှင့်လည်း သက်ဆိုင်ပါသည်။ ကမ္ဘာပေါ်တွင် နိုင်ငံအလိုက် အရင်းအမြစ်များပေါ်မူတည်၍ ခရီးသွား လုပ်ငန်း အမျိုးမျိုးရှိပါသည်။ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ အစားအသောက်ဆိုင်ရာခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာ ခရီးသွားလုပ်ငန်း၊ စွန့်စားခရီးစဉ်၊ အပျော်စီးသင်္ဘောခရီးစဉ်နှင့် အခြားခရီးသွားလုပ်ငန်း အမျိုးအစား အမျိုးမျိုးအား နိုင်ငံအလိုက် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသဖြင့် ခရီးသွား လုပ်ငန်းသည် ကမ္ဘာပေါ်တွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာလျက်ရှိပါသည်။ နိုင်ငံတော်အတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ တိုးတက် လာလျှင် နိုင်ငံ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း များစွာအထောက်အကူပြု တိုးတက်လာမည်ဖြစ်ပါသည်။ ခရီးသွားကဏ္ဍသည် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ရိုးရာယဉ်ကျေးမှုနှင့် သဘာဝအလှအပများကို အခြေခံထားသော ထူးခြားသည့် ကဏ္ဍတစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။ AI နည်းပညာသည် ယနေ့ခေတ် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝန်ဆောင်မှုများကို ပိုမိုမြန်ဆန် ထိရောက်ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်ရန် အဓိက ပြောင်းလဲပေးနေသော မောင်းနှင်အားတစ်ခုဖြစ်လာပါသည်။ ခရီးအစီအစဉ်များ ဖန်တီးပေးခြင်း ခရီးသွားများ၏ ငွေကြေးသုံးစွဲနိုင်မှု၊ နှစ်သက်ရာ ဝန်ဆောင်မှုများနှင့် ရရှိနိုင်မှု အခြေအနေ အပေါ်မူတည်၍ AI ဖြင့် စိတ်ကြိုက်ခရီးစဉ်များကို အလွယ်တကူ ရေးဆွဲပေးနိုင်သည်။ ချက်ဘော့များဖြင့် ဝန်ဆောင်မှုပေးခြင်း ခရီးသွားများ၏ မေးခွန်းများကို နေရာမရွေး၊ အချိန်မရွေး၊ ချက်ချင်းပြန်ဆို ပေးပြီး တည်းခိုခန်းနှင့် လက်မှတ်များကိုပါ (၂၄)နာရီ ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါသည်။ ဘာသာစကား ဘာသာပြန်ပေးခြင်း နိုင်ငံခြားသို့ သွားရောက်သည့်အခါ ဒေသန္တရ ဘာသာစကားများကို AI ကိုအသုံးပြု၍ ချက်ချင်းဘာသာပြန်ဆိုကာ ဆက်သွယ်ရေး အခက်အခဲများကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါသည်။ ဈေးကွက်ရှာဖွေရေးနှင့် အကြံပြုချက်များ ခရီးသွားတစ်ဦး၏ ရှာဖွေမှုမှတ်တမ်းများအပေါ်မူတည်၍ သင့်လျော်မည့် လည်ပတ်စရာ နေရာများနှင့် ဟိုတယ်များကို AI က အကြံပြုပေးမှာဖြစ်ပါသည်။ အကျိုးကျေးဇူးများနှင့် အနာဂတ်များ AI အသုံးပြုခြင်းဖြင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် လူအင်အားသုံးစွဲရမှုကို လျော့ကျ စေပြီး လုပ်ငန်းလည်ပတ် မှုကို ပိုမိုမြန်ဆန်စေသောကြောင့် အချိန်ကုန် သက်သာစေ ပါသည်။ မိမိသွားလိုသည့်နေရာ အကြောင်း အသေးစိတ်သိရှိနိုင်ရန် ဒေသခံမိတ်ဆွေကောင်းတစ်ဦးနှင့် တိုင်ပင်ရသကဲ့သို့ အတွေ့ အကြုံကောင်းများရရှိပြီး အဆင်ပြေစေပါသည်။ စိန်ခေါ်မှုများ အနေဖြင့် လူကိုယ်တိုင် ဝန်ဆောင်မှုပေးရသည့် Tour Guide ကဲ့သို့သော အခန်းကဏ္ဍများတွင် AI ကြောင့် အပြောင်းအလဲများ ရှိလာနိုင်သဖြင့် နည်းပညာနှင့် လူ့စွမ်းအားကို ပေါင်းစပ်အသုံးပြုရန် လိုအပ် လာပါသည်။ ထို့ကြောင့် AI နှင့် ဒီဂျစ်တယ်နည်းပညာများအသုံးပြုခြင်းဖြင့် ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းကဏ္ဍအသီးသီးတို့တွင် ကောင်းကျိုးများစွာရရှိနိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။ DOCA(ပဲခူး)