တောင်ငူခရိုင်အတွင်းရှိ တောင်သူများ၏ မြေပဲသီးနှံ တစ်ဧက စိုက်/ရိတ်ထွက်မှုအခြေအနေ

Powered by Drupal

                        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သည် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ရာသီအလိုက် ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် မြေပဲသီးနှံ ကို လည်း ဝတီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ခေါင်ရမ်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးထား လျက် ရှိပါသည်။

              မြေပဲသီးနှံ(၁)ဧက စိုက်ပျိုးရာ မျိုးအနေဖြင့် စွန်တာနီမျိုးကို  ၁ တင်း လျှင် ၆၀၀၀၀ ကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ၁ ဧကလျှင် ၈တင်းမှ၁၀တင်းထိ စိုက်ပျိုးရကြောင်း၊ မြေပဲ သီးနှံစိုက်ပျိုးမှုအနေဖြင့် တမန်းမျက်နှာညီညာအောင် စက်ဖြင့် (၂)ကြိမ် မြေပြုပြင်၍ မျိုးစေ့ စိုက်ပျိုး စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မြေပဲစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး/သွင်းအားစု/လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅)သိန်း ဝန်းကျင်ခန့် ကုန်ကျပြီး မြေပဲထွက်ရှိမှု အနေဖြင့် (၁)ဧကလျှင် (၈၀ မှ၁၀၀)တင်းနှုန်းခန့် ထွက်ရှိပြီး၊ ထွက်ပေါ်ချိန်တွင် ကုန်သည်များက မြေပဲ ၁ တင်းလျှင် ၄၀၀၀၀ မှ ၄၂၀၀၀ ကျပ် ဈေးဖြင့် ဝယ်ယူကြောင်း၊ ယခင်နှစ်ထက် အထွက်နှုန်း ပိုမိုကောင်းမွန်သဖြင့် မြေပဲစိုက်တောင်သူများ အမြတ်ရရှိခဲ့ပါသည်ဟု မေးမြန်းသိရှိရသည်။

              မြေပဲများ ထွက်ပေါ်ချိန်တွင် မြေပဲစိုက်ပျိုးသူများက ကုန်သည်များထံသို့ ပွဲစားများ ဖြင့်လည်းကောင်း၊ တစ်ချို့က မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကြောင့်မြေပဲသီးနှံ စိုက်ပျိုးသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(ပဲခူး)