ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်း
ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိ မြေကွက်လပ် တစ်နိင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ်(ဘရာဇီး) ငှက်ပျော စသည် တို့ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ငှက်ပျောသီး ဈေးနှုန်း အနေဖြင့် ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင်အဖီးလှ/မလှပေါ်မူတည်၍(၂၀၀၀/၂၅၀၀/၃၀၀၀)ကျပ်၊ ဝက်မလွတ် (ဘရာဇီး) ငှက်ပျော အဖီးလှ/မလှပေါ်မူတည်၍(၃၅၀၀/၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး လှ/မလှပေါ်မူတည်၍ တစ်ဖီးလျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင် (၂၀၀၀/၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)

















