တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ကျဆင်းနေ
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေး၌ ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး ငရုတ်သီးစိမ်း (ကုလားအော်သီးာ) တစ်ပိဿာလျှင် ၆၀၀ ကျပ်မှ ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ခရမ်းသီး (အဖြူ)မှာ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ခရမ်းသီး(အညို)မှာ တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၇၀၀ကျပ်၊ ရှမ်းပြည်သခွားသီးမှာ တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်၊ ဂေါ်ဘီမှာ တစ်ပိဿာလျှင် ၇၅၀ကျပ်မှ ၈၀၀ကျပ်၊ နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်၊ မုံညင်းဖြူမှာ တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်၊ မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

















