Monthly Archive Page

       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ ယခုနှစ် ဒီဇင်ဘာလ ပထမပတ်မှ စတင်၍ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခင်လ နိုဝင်ဘာလအတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ပိဿာလုံး တစ်ပိဿာလျှင် (၃၅၀၀ကျပ်မှ၄၀၀၀ ကျပ်ထိ) သာရှိသော်လည်း ယခုလအတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ပိဿာလုံး တစ်ပိဿာလျှင် (၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ) မြင့်တက်နေကြောင်း သိရှိရပါသည်။

      ယခုဒီဇင်ဘာလဆန်းပိုင်းတွင် ပြောင်းဈေးနှုန်းပြန်လည်လှုပ်ရှားလာသည်ဟု  ပြောင်းကုန်သည် ပွဲစားများထံမှ သိရပါသည်။ ရှမ်းပြည်နယ်သည် အဓိကပြောင်းစိုက်ပျိုးထုတ်လုပ်ရာ ဒေသ ဖြစ် သော်လည်း စိုက်ဧကနှင့်အထွက်တန်ချိန် လျော့ကျဖွယ်ရှိနိုင်ပါသည်။ ပြောင်းသီးနှံသည် ထုတ်လုပ် မှုများသလို ပြည်တွင်းပြည်ပသုံးစွဲမှုများသည့် သီးနှံဖြစ်ပါသည်။

      ကြက်သွန်ဖြူသည် မိသားစုတိုင်းစားသုံးကြသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ကြက်သွန်ဖြူမှာ ကျန်းမာ‌ရေးအတွက် အကျိုးကျေးဇူးများစွာရရှိသည့် သီးနှံတစ်မျိုးဖြစ်သည့်အတွက် စားသုံးမှု မြင့်မားခြင်းဖြစ်ပါသည်။ ကြက်သွန်ဖြူသုံးစွဲမှု စစ်တမ်းများအရ လူတစ်ဦးလျှင် တရက် ၀.၁၂ ကျပ်သား၊ တလလျှင် ၀.၀၄ ပဲသား၊ တနှစ်လျှင် ၀.၄၃ ပိဿာခန့် စားသုံးသည်ဟု စာရင်းဇယားများ အရ

           မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ ရောင်းဝယ်လျက်ရှိသည့်အနက် ပဲတောင့်ရှည်သီးများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၌ ပဲတောင့်ရှည် တစ်ပိဿာလျှင် (၅၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပဲတောင့်ရှည်တစ်ပ

         မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ ရောင်းဝယ်လျက်ရှိသည့်အနက် ဗမာခရမ်းချဉ်သီးများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၌ ဗမာခရမ်းချဉ်သီး ကြီးစတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ

        မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်ကျေးရွာ၊ တလုပ်ကျေးရွာနှင့် လေးအိမ်တန်းကျေးရွာများတွင် သံပုယိုသီးများကို စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ အပင်ပြုစုပြီး ရေသွင်းစိုက်ပျိုးပါ၍ မြေဩဇာကျွေးပါက နှစ်ပါတ်လည် အသီးထွက်အားကောင်းကြောင်း၊ စိုက်ခင်းများမှထွက်ရှိသော သံပုရာသီးများကို တောင်သူများကိုယ်တိုင် ‌အေးမြသီတာဈေးနှင့် စံပြဈေးများသို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒ

    မုန်လာဥဖြူသည် ဆောင်းရာသီတွင်ထွက်ရှိသော ဆောင်းသီးနှံဖြစ်သောကြောင့် ယခုအချိန် တွင် အရောင်းအဝယ်ပိုမိုဖြစ်ထွန်းလျက်ရှိပါသည်။ ထားဝယ်မြို့ အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် အိမ်ခြံမြေများတွင် မုန်လာဥဖြူများအား အများအပြားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့အတွင်းရှိစျေးများတွင် မုန်လာဥဖြူများ ရောင်းချကြပါသည်။

     မန်ကျည်းသီးသည် အပူပိုင်းဒေသများများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် များစွာ ပေါက်ရောက်ကြပါသည်။ သစ်မာပင်အမျိုးအစာြဖစ်ပြီး အသီးမှာအမျှင်ဓါတ်ကြွယ်ဝသောကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေး၊ စည်ပင်သာယာစျေးနှင့်ရပ်ကွက်ကုန်စုံဆိုင်များတွင် ဒေသထွက် အသီးအရွက်များဖြစ်သည့် မန်ကျည်းသီးအစိမ်းနှင့် အမှည့်များရေ

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကွမ်းရွက်ဈေးနှုန်း မြင့်တက်မှုကြောင့် ကွမ်းရွက်စိုက်ပျိုး သူများ ပိုမိုအဆင်ပြေလျက် ရှိကြောင်း သိရှိရပါသည်။

   စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးသည် ပူနွေးသောရာသီတုဥကို ကြိုက်နှစ် သက်သည့်အတွက် မြန်မာနိုင်ငံအထက်ပိုင်းတွင် အနှံ့အပြားစိုက်ပျိုးကြသလို အိမ်ရှင်မများအတွက် အလွန်အသုံးဝင်သည့် သီးနှံဖြစ်ပါသည်။ မြန်မာဟင်းအမျိုးမျိုးချက်ပြုတ်ရာတွင်လည်း အလွန်အသုံး ဝင်သည့် သီးနှံဖြစ်သည့်အတွက် ချတ်ပြုတ်၍ဖြစ်စေ၊ အစိမ်းလိုက်ဖြစ်စေ အလွယ်တကူ စားသုံးနိုင် သည့် သီးနှံဖြစ်ပါသည်။ ခရမ်းချဉ်သီးများကိုထားဝယ်မြို့ က