မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံကိုရာသီအလိုက်စိုက်ပျိုးလျှက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းကိုလည်း တောင်သူများ အများဆုံးစိုက်ပျိုးလာကြပါသည်။မြို့နယ်အတွင်း နနွင်းများကို မေလနှင့်ဇွန်လများ တွင်စတင်စိုက်ပျိုးလျှက်ရှိပြီး (၁)ဧက မျိုးအနေဖြင့် နနွင်းတက်(၁၅)တင်းစိုက်ပျိုးရပြီး နနွင်းဂေါင်း စိုက်ပျိုးမှုတွင်(၃၀-၃၅)တင်း စိုက်ပျိုးရကြောင်း၊နနွင်းတက်မျိုး(၁)တင်းလျှင် (၁၅၀၀၀/-)ကျပ်စျေးရှိ ပြီး(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၂၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊တောင်သူများမှာ နနွင်းခင
Monthly Archive Page
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပဲ၊ပြောင်း၊ကြက်သွန်နှင့်ငရုတ် သီးနှံများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး လူတို့အသုံးအဆောင်ဖြစ်သော အဝတ်အထည်များ ယက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။ ခရိုင်အတွင်း ဝါ စိုက်ဧက(၅၇၆၁)ဧက စိုက်ပျိုးပြီးစီးကြောင်း ၊ မြစ်သားမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်ဧက (၄၁၆၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုဇွန်လတတိယအပတ်မှစတင်၍ ဝါများစတင်ထွက်ရှိနေပြီဖြစ်ကြောင်း ၊ ဝါစိုက်ထွက်ရှိသောရွာ များမှာ မှက္ခရာ ၊ ဆင်သည် ၊ သပြေတောင်းရွာများဖြစ်ပြီး ဝါစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေး စနစ်ဖြင့် အတန်းလိုက်စ
ဧကရာဇ်ပင်သည် မည်သည့်မြေအမျိုးအစားမဆို ပေါက်ရောက်ရှင်သန်နိုင်ပါသည်။ မြန်မာနိုင်ငံ အလွန်အေးသောဒေသမှအပ မိုးများ၍ ခြောက်သွေ့သော ဒေသများတွင် တွေ့မြင် နိုင်သည်။ ဧကရာဇ်ပင်သည် အမြင့်ပေ (၅၀)ကျော်မျှရှိပြီး သွယ်လျသော အကိုင်းအခက်အရွက် တို့ဖြင့် လှပသော သစ်ပင်မျိုးဖြစ်သည်။ အကြီးမြန်ပြီး သန်မာသည်။ အသားဆန်သဖြင့် လေပြင်း တိုက်ခက်သောအခါ ကျိုးပဲ့ပျက်စီးတတ်သည်။ ဧကရာဇ်ပန်းသည် အလျားရှည်၍ အဖြူရောင် အဆုပ်လိုက်ပွင့်ပါသည်။ ရနံ့သင်းသင်းဖြင့် မွှေးပါသည်။ ဝါဆိုဝါခေါင်လများတွင် အဖူးအငုံများ ထွက်လာပြီး သီတင်းကျွတ်လအထိ ပွင့်ပါသည်။ မြန်မာဆေးကျမ်းများအဆိုအရ အေးခါးသော အရသာရှိခြင်း၊ သွေး
ခရေပန်းဆိုသည်မှာ ပွင့်တော့လည်းလှ ရှုတော့လည်းမွှေး ရင်မှာအေးသည်။ ပန်းခြောက်ဘဝရောက်ခဲ့ရင်တောင် ဂုဏ်ဝင့်ကြွားနိုင်ဦမွှေးရနံ့မပြယ်တဲ့ ပန်းကလေးများဖြစ်သည်။ ခရေပန်း၏ အဓိပ္ပာယ်သည် မေ့မသွားပါနဲ့ကွယ် ဟု ဖြစ်သည်။ ခရေပန်း၏ ရနံ့သည် အလွန်မွှေးပျံ့လွမ်းဆွတ်ဖွယ် ဖြစ်ပြီး ဧပြီလမှ စတင်ပွင့်တတ်ပြီး ယခုလို ကျောင်းဖွင့်ချိန် ဇွန်လအထိ ပွင့်မြဲပွင့်ဆဲ ဖြစ်သည်။ ခရေပန်းသည် အကြွေပန်းပေမဲ့ မြန်မာအမျိုးသမီးတိုင်း ကြိုက်နှစ်သက်စွာ ပန်ဆင်လေ့ရှိသည်။ အပင်ပေါ်ဝေနေလည်း မွှေးပြီး မြေပေါ်ကြွေလည်း မွှေးပါသည်။ ခရေပန်းပင်သည် အမြဲစိမ်းရွက်များ ထူထပ်စွာ ရှိသဖြင့် အရိပ်ရပ်ပင်လည်း ဖြစ်သောကြောင့် လမ်းဘေးဝဲယ
စားဖိုဆောင်အုပ်စုဝင် နံနံပင်သည် မြန်မာပြည်တွင် အထင်ရှားဆုံး ဟင်းခတ်အမွှေးအကြိုင် ဖြစ်ပြီး နံနံစေ့ကိုလည်း ဟင်းခတ်မဆလာပြုလုပ်ရာတွင် အသုံးပြုကြကြောင်း၊ နံနံပင်သည် အေးမြ သော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် ဆောင်းရာသီတွင် အပင်ဖြစ်ထွန်းမှုအားကောင်းပြီး ဈေးကွက်တွင်လည်း ပေါများစွာ ဝယ်ယူစားသုံးရကြောင်း၊ မြင်းခြံမြို့နယ်၊ ဓားကျွန်းကျေးရွာတွင် မိုးဦးကာလ မေလလယ်မှစ၍ နံနံပင်များကို ဝင်ငွေရရှိရန်စီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ထားကြောင်း သိရှိရသည်။ နံနံကိုစိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ စိုက်ပျိုးကြောင်း၊ ရေမဝပ် သောနုံးမြေသည် နံနံစိုက်ပျိုးရန် အကောင်းဆုံးမြေမျ
မိတ္ထီလာဈေးကွက်တွင် အရောင်းအဝယ်ဖြစ်သော အသားငါးများတွင် ငါးဖယ်မှာလည်း အပါ အဝင်ဖြစ်သည်။ မိတ္ထီလာဈေးကွက်သို့ ငါးဖယ်ကို မြန်မာနိုင်ငံအောက်ပိုင်းမှ ဝင်ရောက်မှုအပြင် မိတ္ထီလာကန်မှ ရရှိသော ငါးဖယ်များလည်း အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ငါးဖယ်ကို ဈေး ကွက်၌ အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍ ငါးဖယ်ခြစ်အဖြစ်ရောင်းချသည်ကိုလည်း တွေ့ရသည်။ ငါးဖယ်ခြစ်မှာ ချက်ပြုတ်သူအိမ်ရှင်မများအတွက်သာမက အရိုးကြောက်သော စားသုံးသူ များအတွက်ပါ လွယ်ကူကောင်းမွန်သောငါးဖြစ်သည်။ ဇွန်လ တတိယပတ်အတွင်း မိတ္ထီလာဈေးကွက်၌ ရောင်းချနေသော ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက် လက်လီ (၂၅) ကျပ်သားလျှင် (၆၀၀၀) ကျ
ကန်ကြီးထောင့်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မြို့မဈေးသစ်အတွင်းသို့ ရာသီစာအသီးအရွက်များအပြင် ဗုံလုံးသီးများလာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှသီးများကိုပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ ကြက်ဥနှင့်ရောမွှေ၍ချက်၍သော်လည်းကောင်း၊ ဝက်သားဖြင့်ရောက်ချက်၍လည်းကောင်း စားသုံးနိုင်ကြပါသည်။
ကြက်မောက်သီးကို မြန်မာနိုင်ငံတောင်ပိုင်းဖြစ်သော ကရင်၊ မွန်၊ တနင်္သာရီတိုင်းတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ကြက်မောက်သီးပင်၏ ထူးခြားချက်မှာ အဖိုပင် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ ကြက်မောက်ပင်သည် မြေချဥ်များတွင် စိုက်ပျိုးမှုပိုမိုဖြစ်ထွန်းပြီး မေလနောက်ဆုံးပတ်နှင့် ဇွန်လများတွင် အများဆုံးဖြစ်ထွန်းသော သီးနှံတစ်မျိုးလည်း ဖြစ်သည်။ ကြက်မောက်သီး မှည့်ချိန်တွင် ခူးဆွတ်ရန်မှာ ရက်ပေါင်း(၃၀)ခန့် လိုအပ်သည်။
ဘူးသီးပင်သည် မြန်မာနိုင်ငံအပူပိုင်းနှင့် သမပိုင်းရာသီဉတုတွင် ကောင်းစွာဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစားဖြစ်ပါသည်။ ဘူးပင်သည် အိမ်တိုင်း နီးပါး စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အဟာရဓာတ် ကြွယ်ဝသော အသီးအနှံဖြစ်ကြောင်း သိရှိရပါသည်။
အင်ဥဆိုသည်မှာ အင်ပင်များ၏အောက်ခြေတွင် အင်ပင်အမြစ်တွေနဲ့ ဆက်စပ်နေတဲ့ မှိုတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။ အင်ဥထွက်ပေါ်ချိန်မှာ မိုးဦးကာလ(မေလ၊ဇွန်လ)များတွင် အင်ဥများပေါများစွာ ထွက်ပေါ်ကြောင်း၊ တစ်နှစ်လျှင် တစ်ကြိမ်သာ ထွက်ပေါ်ကြောင်း၊ အင်ဥမှာ မှိုမျိုးနွယ်ဝင် မြေအောင်းမှိုတစ်မျိုးဖြစ်သောကြောင့် မှိုများကဲ့သို့ပင် ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေသည့် အာဟာရဓာတ်များ ပါဝင်ကြောင်း၊ အင်ဥတွင် အသားဓာတ်၊ အမျှင်ဓာတ် Antioxidants များ ပါဝင်ကြောင်း သိရှိရသည်။ အင်ဥတွင် အခွံအမည်း(သို့မဟုတ်)အညိုရောင်ရှိပြီး တူးဖော်ပြီးနောက် အင်ဥတွင်ကပ်နေသည့် ဖုန်သဲခဲများသန့်စင်ရာတွင် သေချာစွာဂရုတစိုက်

















