စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးကိုလည်း ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိကျေးရွာများမှ တောကြက်ဟင်းခါးသီး စင်ထိုးစိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။
Monthly Archive Page
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှု ခရိုင်းစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံအထွက်နှုန်းများ၊ သီးနှံဈေးနှုန်းများ၊ တစ်ဧကုန်ကျစရိတ်များနှင့် ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ကန်စွန်းဉများကို မန္တလေးမြို့မှ မှာယူရောင်းချကြောင်း၊ ကန်စွန်းဉများမှ ရွှေဝါကန်စွန်း၊ ခါကြက်ကန်စွန်းနှင့် ငချိတ်ကန်စွန်းဟူ၍ အမျိုးမျိုးရှိကြောင်း၊ ကန်စွန်းဉများကို စားသုံးသူများသာမက တစ်ဆင့်ပြန်လည်ရောင်းချမည့်ဈေးသည်များ၊ ကန်စွန်းဉပြုတ်ရောင်းချမည့် ခေါင်းရွက်ဗျက်ထိုးဈေးသည်မှလည်း ဝယ်ယူရောင်းချကြောင်းနှင့် ကန်စွန်းဉများကို အလှူအတန်းပွဲများတွင် ပူတင်းသော်လည်းကောင်း၊ ကန်စွန်းယိုအဖြစ်လည်း အချိုပွဲအဖြစ်အသုံးပြုကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဧပြီလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ကန်စွန်းဥဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် (၂၀၀ဝိ/-)ကျပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ရှိ ဈေးများတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယ)အပတ်မှ စတင်၍ ကြက်သွန်နီ (အသစ်)များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်နီ(အသစ်)များမှာ ဝက်လက်မြို့နယ်ရှိ သမံသာရွာ၊ မင်းကျီရွာနှင့် ကျောက်တိုင်ရွာများမှ လာရောက် ရောင်းချကြသည့်အပြင် ရေဦးမြို့နယ်များမှလည်း လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ ကြက်သွန်နီအမျိုးအစားများမှာ ရွှေဖလားမျိုးနှင့် မြစ်သားမျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ကြက်သွန်နီ (အသစ်)များလှိုင်လှိုင်ပေါ်၍ ဈေးနှုန်းများကျဆင်းနေသည့်အပြင် ယခုအချိန်တွင် ကြက်သွန်နီ (အသစ်)များမှာ ရေကုန်ပြီးခြောက်သွေ့၍ လှော
ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ခရမ်းချဉ်သီးများကို မန္တလေးမြို့နှင့် ရေဦးမြို့များမှ သယ်ယူရောင်းချကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးမှာအခက်အခဲဖြစ်၍ ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ခရမ်းချဉ်သီး ဈေးနှုန်းမှာ အရွယ်အစား ပေါ်မူတည်၍ (၁)ပိဿာလျှင် (၁၀၀ဝိ/-)ကျပ်မှ (၁၅၀ဝိ/-) ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်းခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ရှိ ပြည်သူတစ်ချို့သည့် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံ ဖြစ်သည့် သခွား သီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး၊ ချဉ်ပေါင်ရွက်စသည်တို့ကိုလည်း စိုက်ပျိုးထားရှိကြပြီး သခွားသီး မျိုးများဖြစ်သည့် ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင် သခွားသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ် ရပ်ကွက်များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချရသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများကာ ဈေးနှုန်းချိုသာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရ သည်။
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

















