Monthly Archive Page

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဖက်ကမ်းတွင် တည်ရှိပြီး နှစ်စဉ်ဆီထွက်သီးနှံ မြေပဲကို မိုးနှင့်ဆောင်း နှစ်ရာသီစိုက်ပျိုးလျက်ရှိသည်။ ဆောင်းမြေပဲကို ရွာသစ်၊ အနောက်ပိုင်း၊ အလယ်ပိုင်းရပ်ကွက်နှင့် ကိုးတောင့်၊ ချင်းတောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ကမ္ဘားကြီးအုပ်စုအတွင်းရှိ တောင်သူများသည် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် (၃)လပဲ မြေပဲလုံးဆံ(ဖြူ) S1 အတောင့်သေးမျိုးကို စိုက်ဧက(၁၀၀၀)ခန့်အား ဒီဇင်ဘာလဆန်းမှစတင်၍ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန် မတ်လတွင် မြေပဲတူးဖော်ရိတ်သိမ်းကြောင်း သိရသည်။  သီးညှပ်သီးန

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်တွင် စားသုံးသူတို့၏ အခြေခံစားကုန်တစ်မျိုးဖြစ်သော ဆောင်းသီးနှံ မုန်လာဥ(ဖြူ)များလည်း နေ့စဉ် ရောင်းဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ကုန်စိမ်းသီးနှံ မုန်လာဥ(ဖြူ) စိုက်ပျိုးမှုကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး မြစ်ခြေ၊ ကမ္မမြို့နယ်များ၌ ပခုက္ကူကျွန်းကျေးရွာ များဖြစ်သည့် ကျွန်းဦး၊ ကျွန်းညိုကြီးကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ဒေသထွက် ကုန်စိမ်းသီးနှံများ စတင်ပေါ်ချိန်ဖြစ်၍ ပခုက္ကူဈေးကွက်သို့ မုန်လာဥ(ဖြူ)မ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ မြင်းကျွန်း၊ ကျွန်းညို၊ သံပုရာပင်ကုန်း၊ မှိုက်ပင်ကုန်း၊ တင်းဂါတ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုး‌‌ရေးကို အဓိက ထားလုပ်ကိုင်ကြပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် နှစ်စဉ် ဆေးရွက်ကြီး၊ အစေ့ထုတ်ပြောင်း(CP)၊ ငရုတ်၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို ရာသီအလိုက်ဒေသစီးပွားဖြစ် စိုက်ပျိုးကြပြီး ငရုတ်သီးနှံနှင့် ဆေးရွက်ကြီးကို စိုက်ဧကအများဆုံး စိုက်ပျိုးကြောင်း သိရှိရသည်။ ဗမာ ဆေးရွက်ကြီးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ ယခင်နှစ်စိုက

              ကြက်ဟင်းခါးသီးကို ပြည်မြို့နယ်အတွင်းရှိကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြသလို ခြံစည်းရိုးများတွင်လည်း မိသားစုစားသုံးရန်အတွက် စိုက်ပျိုးကြပါသည်။ စီးပွားဖြစ်စိုက်ပျိုးကြသော ကြက်ဟင်းခါးသီးပင်ကို မိုးဦးကျကာလဖြစ်သော မေလနှင့် ဇွန်လတွင် စိုက်ပျိုးကြသလို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်လည်း စိုက်ပျိုးကြပါသည်။ ကြက်ဟင်းခါးပင်၏ သက်တမ်းမှာ (၇၅)ရက်မှ (၉၂)ရက်ထိရှိသည်ဟု သိရပါသည်။ ကြက်ဟင်းခါးပင်ကို စီးပွားဖြစ်စိုက်ပျိုးလျင် တစ်ဧကကို အလုံးရေ(၃)သောင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်တွင်

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

               ရေဥကို ရွှေတောင်ဒေသတွင်သာမက ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများတွင် ရေသန့်သောကန်များရှိနေရာတိုင်းလိုလို ရရှိနိုင်ပါသည်။ ရေဥကို ဈေးများလိုလိုတွင်ရောင်းချသဖြင့် လူအများဝယ်ယူစားသုံးကြပါသည်။ လူတချို့မှာ စားဘူး၍ကြိုက်နှစ်သက်ကြသလို လူတစ်ချို့မှာမစားဘူး၍ ဝယ်ယူစားသုံးမှုမရှိကြပါ။ ဈေးကွက်တွင်ရောင်းချသော ရေဥဈေးနှုန်းများအနေဖြင့် နိုဆီဘူးတစ်ဘူးလျှင် ၂၅၀ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ရေဥအား ချက်ပြုတ်စားသောက်ရာတွင် ပထမဦးစွာ ရေဥများကိုရေထဲတွင်ထည့်ပြီး ရေစစ်ဇကာဖြင့် ဆယ်ယူကာ အချိန်အနည်းငယ်မျှကြာအောင် ရေစစ်ထားရပါသည်။

             ရွှေဖရုံသီးသည် များသောအားဖြင့် လုံးဝန်း၍ ထိပ်နှစ်ဖက်ပြားသည်။ ဘေးတွင်အမွှာအမြောင်းများဖြစ်နေပြီး အသီး၏လုံးပတ်သည်တစ်ခါတစ်ရံခုနှစ်လက်မမှ ရှစ်လက်မအထိရှိတက်သည်။ မျိုးလုပ်ရန်ထားသောအသီးသည် တစ်ခါတစ်ရံပိဿာ (၆၀)မှ (၁၀၀)အထိလေးတက်ကြပါသည်။ အခွံသည်မာ၍ အရောင်အမျိုးမျိုးဖြစ်သည်။ နုစဉ်အစိမ်းပေါ်တွင် အစက်ပြောက်များရှိ၍ ရင့်လာသည့်အခါ ဝါညိုညိုပေါ် ၌အစက်အပြောက်များရှိလာသည်။ အခွံမှအသား ကိုထုတ်၍ အခွံကိုအခြောက်လှမ်းပြီးလျှင် ခွက်အဖြစ် သုံးစွဲကြသည်။ အတွင်းသားသည် နုသည့်အခါ ဝါဖျော့ဖျော့ဖြစ်၍ ရင့်သည့်အခါ ဝါရင့်ရင့်ရွှေရောင်ဖြစ်

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများဖြစ်သော ဝါးလည်ရွာ၊ မြို့မကျေးရွာ၊ မင်းတဲကျွန်း၊ ကသစ်တိုင်းစသည့်နေရာများတွင် အများအပြား ငရုတ်သီးစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ ယခုလိုမိုးတွင်းရာသီတွင် ငရုတ်သီးစိမ်းများ လှိုင်လှိုင်ပေါ်လာပြီးဈေးကောင်းလည်းရရှိနေကြောင်း သိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်သီးစိမ်းအမည်များမှာ ဒေသအလိုက် အခေါ်အဝေါ်များမတူညီကြောင်းနှင့် ပဲခူးတိုင်းအနောက်ပိုင်းတွင် အများဆုံးစိုက်ပျိုးသော ငရုတ်သီးစိမ်း အမျိုးအမည်များမှာ ကုလားအော်သီး၊ မိုးမ

           ပြည်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်ရှိပြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်တို့ဖြစ်ပါသည်။ ထိုမြို့နယ်များထဲတွင် ပြည်မြို့နယ်သည် စီးပွားရေး၊ လူမှုရေးအရ အချက်အခြာကျသော မြို့နယ်တစ်ခုဖြစ်ပြီး ရထားလမ်း၊ ကားလမ်းဆုံရာမြို့ဖြစ်ပါသည်။ သီးနှံများ ရောင်းဝယ်ဖောက်ကားရာတွင် အဆင်ပြေစေရန် ပြည်ကုန်စည်ဒိုင်ကိုလည်း ဖွင့်လှစ်ရောင်းချ လျှက်ရှိသလို ဈေးများအနေဖြင့် ပြည်မြို့မစည်ပင်သာယာဈေးကြီး အပြင် ဈေးများ (၈)ဈေးဖြင့် ရောင်းဝယ်ဖောက်ကားလျှက်ရှိကြပါသည်။ ထိုအပြင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွ

              တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ကုန်စိမ်းဆိုင်များတွင် ကြက်ပေါင်သီးများ ရောင်းချလျက်ရှိပါသည်။ ကြက်ပေါင်သီးကို တောင်ငူမြို့ အရှေ့ဘက်ဒေသဖြစ်သော သံတောင်ကြီးမြို့နယ်တွင် သဘာဝအလျောက် ပေါက်ရောက်သောအပင်များမှ ရရှိကြောင်းသိရသည်။