တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းဈေးတွင် ဒေသထွက်နှင့် အခြားဒေသများမှတင်ပို့သော ဟင်းသီးဟင်းရွက်များ စုံလင်စွာရောင်းချလျက်ရှိပါသည်။ ခပေါင်းဈေးတည်ရှိရာ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စုသည် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းဆုံရာဒေသဖြစ်သဖြင့် ဟင်းသီးဟင်းရွက်များ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းသည့် ဒေသဖြစ်ပါသည်။
Monthly Archive Page
တောင်ငူမြို့၌ ယခင်စက်တင်ဘာလတွင် ဂေါ်ဖီတစ်ပိဿာလျှင် ၂၅၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်းနှစ်ဆမြင့်တက်ပါသည်။ နံနံပင်စျေးနှုန်းမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း ၁၀၀၀၀ ကျပ် မြင့်တက်ပါသည်။
စားသောက်ဆိုင်များတွင် အသုံးပြုလျက်ရှိသော ဝါးတူများထုတ်လုပ်သည့်စက်ရုံမှ စွန့်ပစ်ပစ္စည်းများဖြစ်သော ဝါးဖတ်များနှင့်ဝါးဆစ်အတိုအစများကို ထင်းအစားထိုးလောင်စာအဖြစ် ပြန်လည်အသုံးပြုခြင်းအား အသုံးပြုသူများရော စက်ရုံပါ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေပါသည်။
တောင်ငူမြို့ ညောင်ပင်ဈေးသည် ရာသီအလိုက်ပေါ်သည့် ဟင်းသီးဟင်းရွက်၊ အသားငါးပေါင်းစုံရောင်းချလျက်ရှိသည့် ကုန်စိမ်းဈေးကြီးဖြစ်ပါသည်။ ယခုအခါတွင် ပိန်းဥများပေါ်နေပြီ ဖြစ်၍ ရောင်းချနေပြီဖြစ်ပါသည်။
ပိန်းဥမှာ နူးညံ့ပြီး ဟင်းချက်စား၍လည်းကောင်း၊ အဆာပြေပြုတ်စား၍လည်းကောင်း၊ သီးစုံကုလားပဲဟင်းချက်စား၍လည်းကောင်း စားသုံးကြပါသည်။ ဟင်းချက်စားသည့်အရွယ် ဥကြီးနှင့် ပြုတ်စားသည့်အရွယ် ဥသေးဟူ၍ နှစ်မျိုးရှိသော်လည်း ဈေးနှုန်းမှာတူညီနေပါသည်။
တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များတွင် ယခင် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ငရုတ်သီးစိမ်း(ကုလေားအော်သီး)မှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ ကျပ် အထိရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့် တက်ပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့တွင် စပါးအသစ်များပေါ်နေပြီဖြစ်ရာ ဖြူးမြို့ပေါ်ရှိ ဆန်စက်များသို့အရောက် ဆင်းသုခစပါးတင်း ၁၀၀ လျှင် ၁၉၅၀၀၀၀ ကျပ်နှင့် နှံကောက်စပါး တင်း ၁၀၀ လျှင် ၁၈၅၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခုအောက်တိုဘာလ အစောပိုင်းတွင် ကြက်သွန်နီ တစ်ပိဿာလျှင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၄၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယ အပတ်တွင် တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ၂၀၀ ကျပ်မှ ၄၀၀ ကျပ် အထိ မြင့်တက်ပါသည်။
ဝဥတူးဖော်ရောင်းချသည့်ရာသီချိန် ကုန်ဆုံးရန်နီးကပ်လာမှုနှင့်အတူ ကရင်ပြည်နယ်ဒေသထွက် ဝဥများမှာ ယမန်နှစ်ထက်ဈေးပိုရ၍ ပြည်တွင်းဈေးကွက်သို့ ဆက်လက်တင်ပို့ရောင်းချလျက်ရှိကြောင်း ကရင်ပြည်နယ် ဝဥလုပ်ငန်းရှင်များထံက သိရသည်။
ကျွဲကောပင်သည် ရှောက်၊ သံပုရာ၊ လိမ္မော်ပင်စသည့်တို့နှင့်အတူ ရှောက်ပင်မျိုးတွင် ပါဝင်ပါသည်။ အချို့က ကျွဲကောသီးကို ရှောက်ပန်းသီးဟုလည်း ခေါ်ကြပါသည်။ ကျွဲကောပင်ကို အစေ့မှလည်းကောင်း၊ မြေထုပ်စည်းစနစ်ဖြင့်လည်းကောင်း၊ မျိုးပွားရယူကြပါသည်။ အကိုင်းကူးနည်း၊ မျက်စိဆက်နည်းတို့ဖြင့် စိုက်ပျိုးပါက အပင်ကြီးထွား၍ အသီးပိုမိုဖြစ်ထွန်းပါသည်။ ကျွဲကောပင်များကို အတန်းလိုက်စိုက်ပျိုးထားသည်ကိုတွေ့ရပြီး တစ်ပင်နှင့်တစ်ပင် အနည်းဆုံး ပေ ၂၀ခန့်ခွာ၍ စိုက်ပျိုးရပါသည်။ မိုးဦးကျအချိန်တွင် စတင်ပန်းပွင့်ပြီး အသီးသည် ခပ်လုံးလုံး ပုံစံဖြစ်လာကာ အခွံထူလာပြီးအတွင်း၌ အမြွှာလိုက်အသားများ ဖြ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်တွင် ကုန်စိမ်းသီးနှံ ခရမ်းချဉ်သီးများ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း၊ ပုပ္ပါးနှင့် ရှမ်းပြည်နယ် အင်းလေဒေသမှထွက်ရှိသော ခရမ်းချဉ်သီးများဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

















