ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၌ ၂၀၂၄ မိုးစပါးကို ဟင်္သာတမြို့နယ်တွင် (၆၆၆၅၄) ဧက၊ ဇလွန်မြို့နယ်တွင် (၃၀၅၄၆)ဧက နှင့် လေးမျက်နှာမြို့နယ်တွင် (၃၀၂၄၅)ဧက၊ စုစုပေါင်း (၁၂၇၄၄၅)ဧက စိုက်ပျိုးကြပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ပဲတီစိမ်းနှင့် နွေစပါးတို့ကို စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသော စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခ၊ GW-11 ၊ GW-18 ၊ မှော်ဘီ ၃ ၊ ရက်(၉၀)၊ ရွှေဧရာ၊ ပခန်း စသောမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။
Monthly Archive Page
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ စတ္ထုပတ်အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည် (၆၅၀၀) ကျပ်၊ ဧည့်မထဆန်(မနောသုခ) တစ်ပြည် (၃၆၀၀) ကျပ်၊ ဆန်ကွဲ တစ်ပြည် (၂၆၀၀) ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ (ရည်ညွှန်းဈေး) တစ်ပိဿာလျှင်(၇၄၀၀) ကျပ်၊ မြေပဲဆီတစ် ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်နှင့် ကြက်သွန်ဖြူ(ရှမ်းစ) ထူး တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ သကြား တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ မန်ကျည်းမှည့်သီး တစ်ပိဿလျှင် (၇၀၀၀)ကျပ်၊ ဂျင်း တစ်ပိဿာလျှင်
၂၀၂၄ ခုနှစ်၊ မိုးရာသီ စက်တင်ဘာလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအနည်းငယ်တက်နေသောလည်း ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ထွက်ရှိလာသော သီးနှံများကို ဈေးကွက်အတွင်း တင်ပို့ရောင်းချလျက်ရှိသော်လည်း ရာသီဥတုအခြေအနေအရ မိုးများအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မိုးရေကြီးမှုများဖြစ်ပေါ်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်၍ ယခုအချိန်တွင် ဈေးကွက်အတွင်း သီးနှံများ ဝင်ရောက်မှုနည်းပါးလျက်ရှိကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မုန်တိုင်းဒဏ်ရိုက်ခတ်မှုကြောင့် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး/ရေလျှံမှုများဖြစ်ပေါ်ကာ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်၍ အိမ်တွင်းအခြေခံသုံးစားဖိုဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားဆက်စပ်ပစ္စည်းများ ပြတ်တောက်လျက်ရှိကြောင်း သိရှိရပါသည်။ ရေကြီး/ရေလျှံမှုကြောင့် စိုက်ပျိုးတောင်သူများလည်း နစ်နာဆုံးရုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ဒေသရိုးရာအစားအစာများဖြစ်သည့် ငှက်ပျောဖက်ဖြင့် ထုပ်ထားသော ငါးပေါင်း၊ မှိုပေါင်း၊ ဝက်သားပေါင်း၊ မုန့်ညှင်းပေါင်းနှင့် ဟင်းရွက်စုံပေါင်းများအပြင် ပဲပုပ်ထမင်းသုပ်၊ ငါးထမင်းနယ်၊ ရှမ်းထမင်းချဉ်နှင့် အာလူးထမင်းနယ် စသည့်အစားအစာများကို တောင်ကြီးမြို့ညဈေးတန်းလမ်းတစ်လျှောက်တွင် ညနေပိုင်းအချိန်မှစ၍ ရောင်းချလျက်ရှိရာ စားသုံးသူများက ကြိုက်နှစ်သက်စွာ ဝယ်ယူစားသောက်ကြသဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းများမှာ ဟင်းပေါင်းတစ်ထုပ်လျှင် ကျပ်(၂၀၀၀)ကျပ် မှ ကျပ်(၃၀၀၀)ကျပ်အထိရှိပြီး ရိုးရာထမင်းနယ်များမှာ ကျပ်(၃၀၀
ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် အာလူးသီးနှံဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာကြောင်းသိရှိရပါသည်။အာလူးသီးနှံကို အဓိကစိုက်ပျိုးသောဒေသများမှာ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ ပင်းတယ နှင့် ဟဲဟိုးဒေသများဖြစ်ပြီး စက်တင်ဘာလနှင့်အောက်တိုဘာလများတွင်သီးနှံလှိုင်လှိုင်ပေါသည့်ကာလဖြစ်သော်လည်း အထွက်နှုန်းလျော့နည်းလာမှုကြောင့် ဈေးနှုန်းအနေဖြင့် ယခင်ကမျက်နီ S2-၄၅၀၀ကျပ်၊ S1-၄၀၀၀ကျပ်၊ OK-၃၅၀၀ကျပ်၊ ဆွဲသီး-၂၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၁၀၀၀ကျပ်ဈေးရှိကြပြီး ယခုအခါ မားကီး S2 (အကြော်သီး)-၅၅၀၀ကျပ်၊ မျက်နီ S2-၅၀၀၀ကျပ်၊ S1-၄၈၀၀ကျပ်၊
ခဝဲပင်သည် ဗူး၊ ဖရုံစသော အပင်မျိုး၌ ပါဝင်၍ နှစ်စဉ်စိုက်ပျိုး၍ရသော အပင်မျိုးဖြစ်ပါသည်။ နွယ်ပင်ကဲ့သို့လိမ်ယှက်၍ပေါက်တတ်သော အပင်အမျိုးဖြစ်ပါသည်။ ခဝဲသီး၏အရှည်သည် အလျား ၇ လက်မ မှ ၁၅လက်မအထိ ရှည်သည်။ ခဝဲပင်၏အဖျားပိုင်းသည် အနည်းငယ်ထွား၍ အညှာဘက် သို့သေးသိမ်သွားသည်။ လတ်ဆက်နေချိန်၌ ခဝဲသီးသည် အစိမ်းရင့်ရောင်ရှိ၍ သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲ စောင်းပါရှိသည်။ အရည်ရွှမ်း၍ ပွ၏။ အစေ့မှာ သခွားစေ့ကဲ့သို့ ရှိ၏။ အပွင့်မှာ အဝါရောင်ရှိသည်။ ခဝဲပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် ပေ၄၀၀၀ထက်နိမ့်သော အရပ်ဒေသတို့၌ စိုက်ပျိုးနိုင်ပါသည်။ ခဝဲသီးတွင်ပါရှိသ
(၁၇-၉-၂၀၂၄) ရက်နေ့တွင် တောင်ကြီးမြို့ရှိ အမှတ်(၅)ဈေး၌ ရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်သီးနှံဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာ (၃၀၀၀)ကျပ်၊ ကြက်သွန်နီအသေး (၁)ပိဿာ (၂၈၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ (၁)လုံး ဥအသေး (၁)ပိဿာ (၂၀၀၀၀)ကျပ်၊ အာလူး (၁)ပိဿာ (၄၀၀၀)ကျပ်၊ ရုံးပတီသီး (၁)ပိဿာ (၆၀၀၀)ကျပ်၊ ဂေါ်ရခါးသီး (၁)လုံး (၅၀၀)ကျပ်၊ ဂေါ်ရခါးညွန့် (၁)စီး (၈၀၀)ကျပ်၊ ဖရုံညွန့် (၁)စီး (၁၀၀၀)ကျပ်၊ မုန်ညှင်း (၁)စီး (၁၀၀၀)ကျပ်၊ ကိုက်လန် (၁)စီး (၁၀၀၀)ကျပ်၊ ကြက်ဥ (၁)လုံး (၃၅၀)ကျပ်၊ သံပုရာသီး (၁)လုံး (၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
တောင်ကြီးမြို့ပေါ်ရှိ နေရာအနှံ့အပြားတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် တန်ဖိုးသင့် Export အထည်ဆိုင်များမှာ ဝယ်ယူသူများပြား၍ အရောင်းသွက်လျက်ရှိနေပါသည်။ Export အထည်ဆိုတာ Zara, H&M, Bershka အစရှိတဲ့နိုင်ငံခြား Brand တွေက မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံတွေမှာ သူတို့ Quality အတိုင်း ချုပ်လုပ်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချကြတာဖြစ်ပါတယ်။

















