Monthly Archive Page

    မိုးရာသီသို့ ရောက်ရှိလာချိန်တွင် သီးနှံမျိုးစုံ ထွက်ရှိနေသည့်သီးနှံများထဲမှ မာလကာသီးလည်း တစ်မျိုးအပါအဝင် ဖြစ်ပါသည်။ မာလကာသီးကို အိမ်ခြံထဲတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ အဓိကအားဖြင့် ဟင်္သာတခရိုင်အတွင်းရှိ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်များတွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး၊ ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြပါသည်။

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အင်းမ တာကောက်ကျေးရွာ ဖျာပုံ- မအူပင်-ရန်ကုန်လမ်းမပေါ်တွင် မြင့်မြတ်သူငါးရှဥ့်ရောင်းဝယ်ရေးလုပ်ငန်းရှိသည့်အတွက် ငါးရှဥ့်ရောင်းဝယ်နေမှု အခြေအနေများကို (၂၄.၈.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီက ရောင်းဝယ်မှုအခြေအနေကို သွားရောက် လေ့လာခဲ့ကြသည်။

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် (နွေ)ကြက်သွန်နီ(လှောင်ရာသီ)ကုန်ဆုံးချိန်နီး၍ ကြက်သွန်နီဈေးကွက်သို့ ကုန်ချိန်ပိဿာဝင်ရောက်မှုများလာကြောင်း၊ ဆိပ်ဖြူဒေသတွင်းကျေးရွာအနှံ့အပြားနှင့် ပွင့်ဖြူ၊ စလင်း၊ တညောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကုန်ချိန်အများအပြားဝင်ရောက်လျက်ရှိပြီး ပွဲရုံဈေးကွက်သို့ ကြက်သွန်နီကုန်ချိန်ပိဿာ(၃)သောင်းမှ ပိဿည(၁)သိန်းထိ တစ်ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့်ဝင်ရောက်ကြောင်း ဈေးကွက်မှသိရှိရသည်။

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်သည် စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ နှမ်းနှင့် ကုန်စိမ်းသီးနှံများကို နှစ်စဉ်စိုက်ပျိုးကြပါသည်။ စပါးကို အဓိကထားစိုက်ပျိုးပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းမှစ၍ (မိုး)စပါးများကို စတင်စိုက်ပျိုးကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက(၁၂၀၀၀)ခန့်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် မိုးစပါးစိုက်ဧက(၁၀၀၀၀)ခန့်စိုက်ပျိုးထားကြောင်း၊ ဒေသတွင်းနယ်မြေအခြေအနေအရ စိုက်ဧကလျော့နည်းသွားကြောင်းသိရသည်။

      မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၌ နှစ်စဉ် မိုး၊ ဆောင်းမြေပဲစိုက်ဧက (၁)သောင်းခန့်စိုက်ပျိုးကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်၍ စိုက်ပျိုးရေးလုပ်ငန်းများအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို ဒေသစီးပွားဖြစ်လုပ်ကိုင်ကြသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံမြေပဲကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးကြသည်။ ယခင်နှစ်များတွင် နှမ်းသီးနှံကို စိုက်ပျိုးမှုများခဲ့သော်လည်း ရေ၊ မြေ၊ ရာသီဥတုနှင့်မကိုက်ညီ၍ နှမ်းပင်သေပျောက်မှုများပြီး အထွက်နှုန်းလျော့နည်းခြင်းကြော

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ရှိကုန်စည်ဒိုင်တွင် ဒေသတွင်းထွက်ရှိသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းမျိုးစုံဖြစ်သော နှမ်းဝါ၊ နှမ်းညို၊ နှမ်းနက် စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြို့ပေါ်ရှိပွဲရုံများတွင်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်များထံမှသိရသည်။ နှမ်းများကို ပခုက္ကူမြို့နယ်ရှိကျေးရွာများဖြစ်သော ဒဟက်ခြောက်၊ ကံတိန်၊ ကံမြင့်ကုန်း၊ ကံရပ်ကြီးနှင့် ဂန့်ဂေါခရိုင်အတွင်းရှိမြို့နယ်များတွင် အဓိကစိုက်ပျိုးကြပါသည်။ နှမ်းကို ၂၀၂၄ခုနှစ်၊ မေလကုန် ဇွန်လဆန်းတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် ရိတ်သိမ်းရကြောင်း၊ ပခုက္ကူမြို့နယ်၏ နှ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ပြောင်းဖူးစေ့(CP) (အစေ့ထုတ်) ပြောင်းများ ဈေးတက်၍  ပခုက္ကူကုန်စည်ဒိုင်သာမက အခြားပွဲရုံများတွင်လည်း အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ပြောင်းဖူးစေ့(CP)ကို ပခုက္ကူမြို့နယ်၊ နန်းတော်ရပ်အုပ်စုရှိကျေးရွာများ၊ မြစ်ခြေအုပ်စုရှိကျေးရွာများနှင့် ရေတောင်ဘက်အုပ်စုရှိကျေးရွာများတွင် အဓိကစိုက်ပျိုးကြပါသည်။ ပြောင်းဖူးစေ့(CP) ကို ၂၀၂၄ခုနှစ်၊ မေလတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြပါသည်။ ပခုက္ကူမြို့နယ်တွင် ပြောင်းဖူးစေ့(မိုး) စိုက်ဧက(၈၀၀၀)ကျော်စိုက်ပျိုးကြပြီး တစ်ဧကအထွက်နှုန်းမှာ တင်း(၇၀)ကျ

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ သံပုရာကန်၊ လက်ပံတံခါး စသည့်ကျေးရွာများ၌ ဧရာ ပဒေသာစပါးအပြင် ဆာပိုးသာ၊ မနောသုခ၊ ဧရာမင်း၊ ရတနာတိုး၊ ဆင်းသုခစပါးများကို မိုးစပါးအဖြစ်စိုက်ပျိုးကြကြောင်းသိရသည်။

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။

     မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။