မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ ပန်းထိမ်ငိုပန်း၊ သပြေပန်း၊ နှင်းဆီပန်း၊ ရေမွှေးပန်းနှင့် သစ္စာပန်း များကို မြို့ပေါ်ရှိရပ်ကွက်များ၊ မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်ကျေးရွာများနှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရပါသည်။
Monthly Archive Page
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟုတင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲတို့အား အဓိကစိုက်ပျိုးကြသော်လည်း စပါးကို ဆည်ရေရရှိသော တောင်တွင်း၊ မြို့သစ်နှင့် မြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့် စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြသည်။ ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချ လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့တွင် နှစ်စဉ် ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တွင်လည်းစိုက်ပျိုးကြကြောင်း၊ ငရုတ်စိုက်ပျိုးရာတွင် တစ်နှစ်လျှင် (မိုး၊ ဆောင်း)နှစ်ရာသီစိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကျောက်စိမ်း၊ ၆၉၂နှင့် ပင်နံမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ လင်းလည်ကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာနှင့် နင်းကြမ်းကျေးရွာများ၌ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)တွင် မိုးစပါးများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်းသိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ စတုတ္ထအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၃၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၅၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၅၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၃၈၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၆၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၂၈၀၀၀) ကျပ်တို့ဖြစ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဇူလိုင်လ စတုတ္ထပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။
တရုတ်ဆီးသီးများသည် စစ်ကိုင်းမြို့နယ်တွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ၌ အဖူးအပွင့်များစတင်ဖူးကြပြီး မတ်လတွင် အသီးကင်းလေးများဖြစ်ပေါ်ကာ ဧပြီလနှင့် မေလတွင် တဖြည်းဖြည်းကြီးထွားလာသည်။ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ခူးဆွတ်ရောင်းချကြပါသည်။ တရုတ်ဆီးသီးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ သဲနုန်းဆန်သော မြေအမျိုးအစားဖြစ်ပြီး ၎င်းမြေ၌ ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်း၊ အပင်စိုက်ပျိုးပြီး သုံးနှစ်/ လေးနှစ်ကြာမှသာ အသီးများကို ခူးဆွတ်ရောင်းချနိုင်ကြောင်းသိရပါသည်။
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ စတုတ္ထပတ်တွင် စပါးဈေးနှုန်းမှာ အနည်းငယ်ကျဆင်း၍ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊ မန္တလေးသို့ အိတ်ရေ၂၈၇၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၆၇၂၀၀အိတ်၊ တန်အားဖြင့် ၃၃၆၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၃၅၀၀၊ မန္တလေးသို့ အိတ်ရေ ၃၂၀၀၀၊ နေပြည်တော်သို့ အိ

















