နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။
Monthly Archive Page
၃၁.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိသည်။ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြပြီး စားသောက်ဆိုင်များက ဓိကဝယ်ယူကြောင်းသိရှိရသည်။
၃၁.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ်များ ပေါများစွာရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကြက်တက်ရွက်မှာ မိုးဦးကျစ မေလတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်တစ်မျိုးဖြစ်ရာ တောထဲသို့ သွားရောက်ခူးယူကြပြီး ရရှိလာသောအရွက်များကို နာရီဝက်ခန့်ကြာအောင် ရေဖြင့်ပြုတ်၍ အလေးချိန်ဖြင့်သော်လည်းကောင်း၊ လက်တစ်ဆုပ်စာအလုံးလေးများလုံး၍သော်လည်းကောင်း ဈေးထဲ၌ ရောင်းချကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့နယ်တွင် အသားတိုးဝက်များမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ဦးကျော်သူနှင့်သွားရောက်တွေ့ဆုံခဲ့ရာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ဒေသများ၌ မျိုးမြင့်ဝက်များဖြစ်သည့် လင်းဒရေစ့်၊ ပီယာထရိန်း ၊ ဂျူး စသည့်ဝက်ပေါက် တစ်လခွဲသားလေးများကို တစ်ကောင်လျှင် (၁)သိန်းကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် မေလ၏ တတိယအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၅၀) အိတ်ခန့်၊ စုစုပေါင်း(၅၂၅၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၅၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု မေလ၏ နောက်ဆုံးအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၆၀၀) အိတ်ခန့်၊ တန်ချိန်အား ဖြင့် (၂၇၀) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၄ခုနှစ်၊ မေလ (စတုတ္ထပတ်) အတွင်း ရွှေဘိုပေါ်ဆန်း (သစ်)တစ်အိတ်လျှင် ၁၅၀,၀၀၀ကျပ်၊ ဧရာမင်း(ဆန်) (သစ်) တစ်အိတ်လျှင် ၁၃၅,၀၀၀ကျပ်၊ ဧည့်မထ ဆန်(သစ်) တစ်အိတ်လျှင် ၈၅,၀၀၀ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၃၅၀ကျပ်၊ ဆားတစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၃၅၀၀ကျပ်၊ ကြက
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄ခုနှစ်၊ မေလ (တတိပတ်) တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၃၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (မျှားကမ္ဘာ) တစ်အိတ်လျှင် (၈၂,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၈၈,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၈၂,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၅၈,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်

















