စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များအနေဖြင့် စပါး၊ ဆန်ဈေးနှုန်းများဈေးအေးနေပါကြောင်းသိရှိရပါသည်။
Monthly Archive Page
မြင်းခြံခရိုင်တွင် နွေကြက်သွန်နီ(ခေါ်)ဆောင်းကြက်သွန်နီကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလ တို့တွင် စတင်စိုက်ပျိုးပြီး မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မြင်းခြံခရိုင်ချုပ်အနေဖြင့် ဆောင်းကြက်သွန်နီ ယခုနှစ်စိုက်ပျိုးဧက ၁၉၆၇၄ ဧက၊ ရိတ်သိမ်းဧက ၁၈၀၀၀ ဧကနှင့် တစ်ဧကအထွက်နှုန်း ၃၄၂၉ ပိဿာနှုန်းဖြင့် အထွက်ပိဿာချိန်ပေါင်း ၆၁၇၂၂၀၀၀ ပိဿာထွက်ရှိခဲ့ပြီး ကျန်ဧကများ ဆက်လက်ရိတ်သိမ်းလျက်ရှိပါသည်။ ယခင်နှစ်ခရိုင်ချုပ်အနေဖြင့် ကြက်သွန်နီစိုက်ဧက ၁၉၄၇၈ ဧကတွင် ၁၀၀% ရိတ်သိမ်းခဲ့ပြီး ၃၄၂၀ ပိဿာနှုန်းဖြင့် အထွက်ပိဿာ ချိန်ပေါ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဧပြီလ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် အလွန်ပူပြင်း သောနေရာဒေသတစ်ခုဖြစ်ပြီး ယခုလိုနွေရာသီတွင် သစ်သီးဝလံများဖြစ်သော စပျစ်သီး၊ ဖရဲသီး၊ လိမ္မော်သီး၊ သရက်သီး၊ ပိန္နဲသီး၊ ပန်းသီး၊ ပန်းသစ်တော်၊ ဖရဲသခွားသီး၊ စတော်ဘယ်ရီသီးနှင့်သံပုရာသီးတို့ မှာရောင်းအားကောင်း လျက်ရှိပါသည်။ သစ်သီးများစားသုံးခြင်းဖြင့် ရင်ကိုအေးမြစေခြင်း၊ အပူဒဏ်ကို သက်သာစေခြင်း တို့ကြောင့်လည်း ရောင်းအားကောင်းနေခြင်းဖြစ်ကြောင်း မြို့ဈေးသည်များထံမှ သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်) တွင် မြေပဲဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ယခုအချိန်တွင် စိုက်တောင်သူများ ဆောင်းသီးနှံမြေပဲများ အသစ်ပေါ်ချိန်ဖြစ်သော်လည်း (၃)လပဲ အဆံဖြူမျိုး စိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှု မရှိကြောင်း၊ မြေပဲ(ပြန့်ကြီး) လုံးဆံအနီများ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မမြို့နယ်ရှိ ကျေးရွာများနှင့် မြိုင်မြို့နယ်အတွင်းရှိကျေးရွာများ၊ ပေါက်၊ ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထု၊ ယော ဒေသများမှ ထွက်ရှိသော မြေပဲများ ပခုက္ကူမြို
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ဈေးကွက်အတွင်း၌ အိမ်ဆောက်ပစ္စည်း တစ်မျိုးဖြစ်သည့် ဘိလပ်မြေ ဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဧပြီလ(တတိယပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ အလ်ဖာ တစ်အိတ်လျှင် ကျပ်(၁၃၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့မစျေး၌ သင်္ကြန်မတိုင်ခင် (၁၂.၄.၂၀၂၄) ရက်နေ့တွင် ရောင်းချခဲ့သော ရေထွက်ပစ္စည်းစျေးနှုန်းများမှာ ပုဇွန်ခြောက်ကြီး (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀-၈၀၀၀၀-၉၀၀၀၀)၊ ငါးဘတ်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၈၀၀၀-၃၀၀၀၀)၊ ငါးကြီး ခြောက် (၁)ပိဿာလျှင် ကျပ် (၇၀၀၀၀-၈၀၀၀၀-၉၀၀၀၀)၊ ငါးဖောင်ရိုးခြောက် (၁)ပိဿာလျှင် ကျပ် (၂၈၀၀၀-၃၀၀၀၀)၊ ငါးအုံးမဲ (၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ် (၆၀၀၀၀-၇၀၀၀၀)၊ ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ် (၄၀၀၀၀)၊ ငါးတံခွန်ခြောက် (၁)ပိဿာလျှင် ကျပ် (၁၂၀၀၀-၁၆၀၀၀-၁၈၀၀၀)ကျပ် တို့ဖြစ်ခဲ့ပြ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ တပ်ကုန်းကျေးရွာနှင့် ပုတီးကုန်းကျေးရွာ တို့တွင် တောင်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေပိုမိုရရှိရေးအတွက် စပျစ်ခြံများ တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
စပျစ်စိုက်တောင်သူများအနေဖြင့် နှစ်ချို့စပျစ်ပင်များကို ရှင်းလင်းပြီး နောက်ထပ် ကိုင်းကူးစပျစ် မျိုးများ ထပ်မံစိုက်ပျိုးလျှက်ရှိရာ စပျစ်ကိုင်းကူးတစ်ပင်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးလျှက်ရှိ သည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ တောင်သူများအနေဖြင့် နွေစပါး၊ မိုးစပါး၊ နွေနှမ်း (မိုးကြိုနှမ်း) မိုးနှမ်း၊ မိုးမြေပဲ၊ ဆောင်းမြေပဲ၊ နေကြာ၊ ပဲစဉ်းငုံများကို အဓိကစိုက်ပျိုးလျှက်ရှိကြပါ သည်။ နွေစပါးနှင့် နွေနှမ်း(မိုးကြိုနှမ်း)များကို ဆည်ရေရသည့်ဒေသများတွင် စိုက်ပျိုးလျှက်ရှိပါသည်။
ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၂.၄.၂၀၂၄) မှ (၂၆.၄.၂၀၂၄) နေ့ထိ ဆန်ဝင်ရောက်မှုစာရင်း များ မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဓနုဖြူ၊ ဟင်္သာတ၊ လပ္ပတ္တာ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၅၄၃၈၀) အိတ်၊ ပေါ်ကျွဲ (၅၉၅၂၀) အိတ်၊ ဧည့်မထ(၁၇၅၀၅၀) အိတ်နှင့် ဆန်ကွဲ (၁၉၉၁၆၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး (အရှေ့) ညောင်လေးပင်နှင့် ဖြူးမြို့နယ်များမှ ဧည့်မထ (၈၂၆၆) အိတ် နှင့် ပဲခူးတိုင်း(အနောက်)၊ သာယာဝတီ၊ လက်ပံတန်း၊ သုံးဆယ်မြို့နယ်များမှ ဧည့်မထ (၂၆၂၄၅) အိတ်၊ ငစိန် (၂၇၈၆၀) အိတ်နှင့် ရန်ကုန်တ

















