Monthly Archive Page

  ၃၁.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

    ၃၁.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

   ၃၁.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲချဉ်ပေါင်ကို မိုးစပါးများရိတ်သိမ်းခါနီးချိန်တွင် လယ်မြေများ၌ စတင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် ပတ်ကြဲစနစ်ဖြင့်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် (၁)ဧကလျှင် (၁)တင်းခန့်ကုန်ကျကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၅၆၀၀၀/-)ကျပ်စျေးနှုန်းပေးရကြောင်း၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖော်ဖော်ဝါရီလနှင့် မတ်လတို့တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ယခင်နှစ်တွင် (၁)ဧကအထွက်နှုန်းအနေဖြင့် ပဲချဉ်ပေါင်စေ့

     ကျောက်ဆည်ခရိုင်အတွင်း ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် ဆီးချဉ်သီး၊ ဆီးချိုသီးများ စတင်ထွက်ပေါ်လျက်ရှိပါသည်။ ဆီးချဉ်ပင်ကို မိမိတို့တောတွင် အရိပ်ရရန်အတွက် ကန်သင်ရိုးများ၌ စိုက်ပျိုးကြသူများလည်းရှိပါသည်။ အများအားဖြင့် အညာဒေသတွင် အလေ့ကျပေါက်ရောက်သောဆီးပင်များမှာ ဆီးချဉ်ပင်များဖြစ်ပြီး တောသူတောင်သားများမှာ တောလည်ထွက်ရင်း ဆီးချဉ်သီးများကိုကောက်၍ နေလှမ်းအခြောက်ခံကာ မြို့တက်၍ရောင်းချကြသဖြင့် မိသားစုအပိုဝင်ငွေရရှိကြပါသည်။ ဆီချိူပင်ကို ခြံဖြင့် စီးပွားဖြစ်စိုက်ပျိုးကြပြီး စဉ့်ကိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။ စဉ့်ကိုင်မြို့နယ်တွင် အလုံးကြ

    ပြင်ဦးလွင်မြို့နယ်တွင် နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီးနှံကို ကျေးရွာအုပ်စု (၁၃)စုမှ တောင်သူဦးရေ (၁၈၅)ဦးတို့သည် စိုက်ဧကပေါင်း (၆၅၅.၉၄)ဧကစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပြီး ဒေသမျိုးများဖြစ်သော မြောက်ကျွန်းသူ (၁)၊ အစေ့မဲ့မျိုးများ၊ အမရာမျိုးနှင့် အခြားမျိုးများစွာစိုက်ပျိုးထားရှိပြီး နိုင်ငံခြားမျိုးများဖြစ်သော ပီတာဆန် (Petrsan)၊ Russei 034/024၊ဘာကေးနီးယား Buccaneer၊ ဘွတ်-7( Boolt-7)၊ ပင်ကာတန်(Pinkertal )၊ ဟက်(Hass)တို့ကို ပြည်ပတင်ပို့နိုင်ရန်အတွက် တိုးချဲ့စိုက်ပျိုးလာကြောင်းတွေ့ရှိရပါသည်။ စိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ထောပတ်အပင်ရေ (၈၀)ပင်စိုက်

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်သည် သနပ်ခါးကို အဓိကစိုက်ပျိုးကြပါသည်။ သနပ်ခါးသည် နှစ်ရှည်ခံ အပင်အမျိုးအစားဖြစ်ပါသည်။ ရေစကြိုမြို့နယ်မှ ရှင်မတောင်သနပ်ခါးသည် အလွန်မွှေးပြီးနာမည်ကျော်ကြားသော သနပ်ခါး ဖြစ်ပါသည်။ ပခုက္ကူမြို့တွင်  သနပ်ခါးပွဲရုံ ဖြစ်သော ဦးကျော်အောင်သနပ်ခါးပွဲရုံသို့ သနပ်ခါးပင်များ နယ်ပေါင်းစုံမှ ဝင်ရောက် အရောင်းဝယ်ဖြစ်လျက်ရှိပြီး သနပ်ခါးမှာ တစ်ပင်လုံးအသုံးဝင်ကြောင်း၊ သနပ်ခါးလိမ်း၍ကျန်ရှိသော သနပ်ခါးတုန်းအနစ်များကို သနပ်ခါးခဲအဖြစ် ပြုလုပ်၍ ရောင်းချနေရကြောင်း သနပ်ခါးကုန်သည်ထံမှ သိရှိရပါသည်။

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီများ ဇန်နဝါရီလ(၁၅)ရက်မှ (၂၁)ရက်ထိ ကြက်သွန်နီလှိုင်လှိုင်တူးဖော်လျက်ရှိသော ဒေသများဖြစ် သော ဆိပ်ဖြူမြို့ အနောက်ပိုင်း/ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ်စု၊ ချင်တောင်အုပ်စု၊ မြင်ကဝ အုပ်စုအတွင်းရှိ ကျေးရွာများ၊ ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရေနံချောင်း မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကုန်စည်ဒိုင်သို့ နေ့စဉ် ပိဿာ(၆)သောင်းမှ (၈)သောင်းအထိ တစ်ပတ် အတွင်း ကုန်ချိန်ပိဿာ (၅)သိန်းခန့် ဝင်ရောက်ခဲ့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ပခန်းကြီး၊ ပခန်းငယ်၊ နွားထိန်း၊ စဥ့်ကိုင်၊ ပေါက္ကူ၊ ပညှင်းကျေးရွာများတွင် မိုးစပါးသီးနှံများရိတ်သိမ်းပြီး သီးထပ်အနေဖြင့် ကုလားပဲသီးနှံများကို စိုက်ပျိုးလျက်ရှိပါသည်။ ပညှင်းကျေးရွာရှိ ကုလားပဲသီးထပ်စိုက်ပျိုးတောင်သူတစ်ဦးမှပြောကြားရာတွင် စပါးရိတ်သိမ်းပြီး ရေတင်၊ ထွန်စက်ခုတ်ပြီး ကျဲပက်စိုက်ပျိုးကြကြောင်း၊ အဓိကစိုက်ပျိုးသည့် ကုလားပဲ မျိုးများမှာ ဟော်လန်(ကုလားပဲဝါ)၊ V2 (ကုလားပဲဖြူ) နှင့် 929 (ကုလားပဲဝါကြီး)များကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က ဟော်လန်(ကုလားပဲဝါ)ကို (၃)ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် V2 (ကုလား

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်ရာ ဒေသများတွင် မြစ်ရေကျချိန်၌ ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲ စသည့်အခြားပဲမျိုးစုံ သီးနှံများကို စိုက်ပျိုးကြပါသည်။ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းကျေးရွာ များဖြစ်သည့် ညောင်တော၊ ရှစ်အိမ်တန်း၊ ကျွန်းဘိုပင်၊ ဇီးကျွန်း၊ ကူတုတ်နှင့် အောင်ချမ်းသာကျေးရွာ များတွင် ထောပတ်ပဲများကို အများအပြားစိုက်ပျိုးကြပါသည်။ အောင်ချမ်းသာကျေးရွာနေ ထောပတ် ပဲစိုက်တောင်သူ ဦးကျော်မင်းက ချင်းတွင်းမြစ်ရေကျချိန် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ထောပတ်ပဲများကို စတင်စိုက်ပျိုးကြပြီး