Monthly Archive Page

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ဆိပ်ကမ်းမှပြည်ပပို့ရန် ဧည့်မထ ၂၅ % ဆန်အိတ်များ သင်္ဘောတင်ခြင်းကို(၁၇.၁၂.၂၀၂၃) နေ့မှ စ၍  ဆောင်ရွက်လျက်ရှိပြီး ဆန်တန်ချိန် ၁၅၀၀၊ အိတ်ရေအားဖြင့် ၃၀၀၀၀ အိတ်ကို တင်ပို့မှာဖြစ်ပါသည်။ ဧရာဟင်္သာကုမ္ပဏီက ဧည့်မထ ဆန်  ၂၅ % ၊ ပေါင် ၁၁၀ တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဟင်္သာတမြို့ပေါ်ရှိ ဆန်စက်များမှ  ဝယ်ယူတင်ပို့ခြင်းဖြစ်ပြီး၊ အာဖရိကတိုက်ရှိ အိုင်ဗရီကိုစ့်နိုင်ငံသို့ တင်ပို့မှာဖြစ်ပါတယ်။

       တောင်ငူမြို့ အနီးဝန်းကျင် တပိုင်တနိုင်စိုက်ပျိုးရေးလုပ်ငန်းများမှ စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များမှာ ထွက်ရှိလာပြီဖြစ်ရာ ညောင်ပင်ဈေးတွင် လာရောက် ရောင်းချ ကြပါသည်။ ဒေသထွက် နံနံပင်မှာ ၁၀ စည်းပါ တစ်ကုံးလျှင် ၄၀၀ ကျပ်၊ ၃ ကုံးလျှင် ၁၀၀၀ ကျပ် ပေးရပါသည်။ ရှမ်းနံနံမှာ ယခင်က ၁၀ ကျပ်သားလျှင် ၂၀၀၀ ကျပ်အထိ ရှိခဲ့သော်လည်း ယခုအခါ တစ်ဆယ် ကျပ်သားလျှင် ၅၀၀ ကျပ်အထိ ဈေးနှုန်းလျော့သွားပါသည်။

       တောင်ငူမြို့ အနီးဝန်းကျင် ပြောင်းဖူးစိုက်ခင်းများမှ ပြောင်းဖူးများ စတင်ထွက်ရှိလာပြီ ဖြစ်သဖြင့် ညောင်ပင်ဈေးတွင် ရောင်းချနေပြီဖြစ်ပါသည်။ သကြားပြောင်းဖူး အသေးမှာ တစ်ဖူးလျှင် ၃၀၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၂၅၀၀ ကျပ်၊ အကြီး တစ်ဖူးလျှင် ၅၀၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

      တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စု၊ ကုက္ကိုလ်ပေါက်ကျေးရွာမှ ဒေါ်သန္တာကျော်အေး ၏ ကြက်မွေးမြူရေးလုပ်ငန်းသည် အောင်မြင်လျက်ရှိပြီး တစ်ကြိမ်လျှင် စီပီအသားတိုးကြက်အကောင် ၁၀၀၀၀ ကို မွေးမြူထားရှိပါသည်။ တစ်ခြံလျှင် အကောင် ၂၅၀၀ ဖြင့် ခြံ ၄ ခြံရှိပါသည်။

         မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ပြည်ပဲဈေးကွက်မှာ လက်လီသာအရောင်းအဝယ်ဖြစ်သော်လည်း ဈေးကောင်းရနေသည့်သီးနှံမှာ စားတော်ပဲသီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံဆိုလျှင် ပဲပြုတ်ရောင်းချ သူများနှင့် အခြား လက်လီသမားများဝယ်ယူမှုရှိသောကြောင့် တစ်ရက်လျှင်၁၅အိတ်၊ ၂၀ ကျော်ရောင်းချမှုဖြစ်ပြီး ပဲဈေးနှုန်းမှာ ပိဿာ၂၀ တစ်တင်း ၁၂၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားတော်ပဲ သီးနှံသည် နှစ်စဉ်လိုလိုဈေးကောင်းရလျက်ရှိလို့ ဈေးကွက် အတွင်း ဈေးကောင်းဝင်သီးနှံ အမျိုးအစားထဲပါဝင်နေခဲ့ပါသည်။ ယခင်နှစ်ကလည်း စားတော်ပဲသီးနှံတစ်တင်း ( ၁၂၀၀၀၀) ကျပ် ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့၍&nbs

      ပြည်ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့် နေ့စဉ်ရောင်းဝယ်လျက်ရှိသောပဲကြီးသီးနှံမှာ ဒေသတွင်း ပဲကြော်ဖိုသမားများ ဝယ်ယူမှုရှိတယ်လို့ သိရပါသည်။ တစ်ရက်လျှင် အိတ်၂၀၀/၂၅၀ ကျော် အရောင်းအဝယ်ဖြစ်ပြီး ပဲဟောင်းလက်ကျန်များဖြင့် ရောင်းဝယ်မှုရှိကြပါသည်။ ပဲသစ်ဝင်ရောက်မှု မရှိသေးဘဲ ပဲဟောင်းများဖြင့်သာ ရောင်းဝယ်နေကြသည့်အတွက် ပဲအရည်အသွေး ဈေးလိုက်၍ ဈေးကွာခြားမှုရှိပါသည်။ ပဲကြီး (ရွှေကျွန်း) တစ်တင်း (၁၃၀၀၀၀)ကျပ်၊ ကမ်းနားအထိဆင်း (၁၂၅၀၀၀) ကျပ် တို့ဖြင့် ရောင်းဝယ်နေကြပြီး ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအားကောင်းသော မတ်ပဲ၊ပဲစဉ်းငုံ၊ပဲတီစိမ်းသီးနှံများ တက်ဈေး ရှိကာ ဈေးကွက်အတွင်းဈေးကောင်းရနေသော

        ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁.၁၂.၂၀၂၃) ရက်နေ့တွင် ဝါးတောအုပ်စု၊ ဝါးလည်ကျေးရွာရှိ တောင်သူ ဦးရဲမင်းထွဋ် စိုက်ပျိုးထားသော ဘူးသီး(မလက်တို)မျိုး စိုက်ခင်းအား သွားရောက်လေ့လာခဲ့ပါသည်။

        ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျွန်းညိုအုပ်စုရှိ ပဒေသာကျွန်း၊ ကြံခင်းစု၊ ဘိုးဘိုးကုန်း၊ ကျွန်းညို၊ ကန်သာယာ စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပါသည်။ ပဒေသာကျွန်းကျေးရွာ၌ ပြောင်း၊ ငရုတ်၊ ခရမ်းချဉ်သီးနှင့်အခြား စားပင်သီးပင်များကို ရာသီအလိုက်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ပဲငပိနှင့် CP ပြောင်းကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

         ဘားအံမြို့၊ မြို့မဈေးတွင် ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မြဝတီမြို့ရှိ သစ်သီးဝလံပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။