Monthly Archive Page

     မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

      မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေးနှင့် ရခိုင်ပြည်နယ်ဘက်တို့မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ စတုတ္ထအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ မြေပဲလုံးဆံ(နီ၊ ဖြူ)များမှာ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံ(ဖြူ)တစ်

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ဒေသအခေါ် ကလားဝါးဥ (ခေါ်)ဝါးဥကို နေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်သော်လည်း ဖြစ်ထွန်းမှု အားကောင်းပြီး ဥချောချောရရန် တူးရလွယ်ကူသော သဲနုန်းမြေဆွေးမြေမွများတွင်သာ စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ဧကလိုက်စိုက်ပျိုးခြင်းမရှိဘဲ တပိုင်တနိုင်သာစိုက်ပျိုးကြပါသည်။ ဝါးဥပင်သည် ချဉ်ဖတ်ပြုလုပ်ရာတွင်ပါဝင်သော သရက်   ကင်းပင်နှင့်ပုံသဏ္ဍာန်တူပါသည်။ ရေဓာတ်ကိုကြာရှည်စွာ ထိန်သိမ်းထားနိုင်သောကြောင့် အသက်ပြင်းသောအပင်အမျိုးအစားဖြစ်ပါသည်။

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ သဲကုန်းကျေးရွာ၊ မြို့ခြံကျေးရွာ၊ သရက်တစ်ပင် ကျေးရွာများတွင် အောက်တိုဘာလမှစ၍ ပိန်းဥများလှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ပြီး ပိန်းဥ (အလုံးကြီး) တစ်ပိဿာ လက်လီ (၂၅၀၀)ကျပ်၊ လက်ကား(၂၀၀၀)ကျပ်၊ ပိန်းဥသားတက် တစ်ပိဿာ လက်လီ (၃၀၀၀)ကျပ်၊ လက်ကား (၂၅၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ(မိုးမြေပဲ)များကို နှစ်စဉ် စိုက်ဧက(၃၀၀၀)ခန့်၊ ဇွန်လနှင့် ဇူလိုင်လတွင် စိုက်ပျိုးပြီး စက်တင်ဘာလနှင့်အောက်တိုဘာလ များတွင် မြေပဲများ လှိုင်လှိုင်တူးဖော်လျက်ရှိသော်လည်း မြေပဲဈေးကွက်ကျဆင်း၍ အရောင်းအဝယ် အေးနေကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့နယ် ဒေသတွင်းထွက်ရှိသည့် မြေပဲများကို မြို့ပေါ်ရှိ ဆီစက်များမှ  အတောင့်(အခြောက်) တစ်ပြည်လျှင် ကျပ်(၃၀၀၀)၊ တစ်တင်းလျှင် ကျပ်(၂၄၀၀၀) ဖြင့် ဈေးနှုန်းပေါက်လျက်ရှိသည်။  မြေပဲဆန်(လုံးဆန်)တစ်ပြည်လျှင် ကျပ် (၇၀၀၀)၊ အဆန်တစ်ဘူးလျှင် ကျပ်(၉၀၀)၊ မြေပဲ(ဆီဆန်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်မှ (၂၂)ရက်ထိ(တတိယ)ပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၃)သောင်း ခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခန့် ကုန်စည်ဒိုင်တွင်ဝင်ရောက် အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ(၃)သိန်းခန့် စီးဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံ စိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊ မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများဖြစ်သော ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံး   ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။