Monthly Archive Page

    ၂၈.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

          တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(3.000)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ သန်း(73.000)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ အထိ(၁၀)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၈.867)၊ သွင်း ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၀၇0)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(1၃.75၇)ဆောင်ရွက် နိုင်ခဲ့ပါသည်။ 2023

     ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေး၌ ဆန်ဈေးနှုန်းမြင့်တက်လာပြီး စားဖိုဆောင်သီးနှံဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးရှိ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘို ခရိုင်များအနေဖြင့် ရွှေဘိုခရိုင်၊ ကသာခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရပါသည်။

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း) တစ်ပြည်လျှင် ၃၈၀၀ကျပ်၊ ဧရာမင်းဆန်(ဟောင်း) တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည်လျှင် ၃၀၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ (ကြူ

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ပုလဲဓာတ်မြေဩဇာ(ရွှေတောင်) (50Kg)တစ်အိတ် (၁၁၅၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း (တရုတ်)) (50Kg)တစ်အိတ် (၉၅၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) (50Kg)တစ်အိတ် (၁၅၂၅၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) (50Kg)တစ်အိတ် (၁၅၅၀၀၀) ကျပ်  ၊ ပန်းဖူး(မြန်မာ့သြဘာ) (50Kg)တစ်အိတ် (၈၄၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) (50Kg)တစ်အိတ် (၁၄၂၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) (50Kg)တစ်အိတ် (၇၇၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) (50Kg)တစ်အိတ် (၉၁၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) (50Kg)တစ်အိတ်(၈၇၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်

      ၂၀၂၃ ခုနှစ် ၊ ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ကျီကုန်းကျေးရွာရှိ ချမ်းမြေ့ဝင်း ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံကာ ဆွေးနွေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဖေဖော်ဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ(၃၅၀)ကျပ်ထိ၊ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှ ထွက်ရှိသည့် ထောပတ်သီး တစ်လုံးလျှင် (၃၅၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၉၀၀၀)ကျပ်ထိ၊ ဆားတောင်ဒေသမှ ဇီးချိုသီး တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ ဒေသတွင်းမှ ဇီးသီး တစ်ပြည်လျှင် (၁၂၀၀)ကျပ်၊ မြစ်ကြီးနားမြို့မှ မှာယူရောင်းချသည့် လိမ္မော်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၂၀.၂.၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို၊ စက်မှုဇုန်ရှိ ငွေကြယ်ဆီစက်လုပ်ငန်းရှင်နှင့် အေးရွှေစင်ဆီစက် လုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။